ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ပြည်သူတွေနဲ့အတူပူးပေါင်းပြီး လစဉ်တိုင်းလှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် G-Fatt

//s9.kh1.co/78/780499f5faf7b68b17c2123d011a1f93862465e4.jpg
အနုပညာရှင်များ

 ၂၀-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. လက်ရှိအခြေအနေတွေနဲ့ပတ်သတ်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တော်တော်တော်များများကလည်း လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ပြီး အားလုံးနဲ့အတူ ရပ်တည်နေကြတာလည်း ဖြစ်ပါတယ်..။

ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အစစအရာရာ ပံ့ပိုးကူညီမှုတွေနဲ့ အားဖြည့်နေကြသလို ဂီအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် G-Fatt ကလည်း လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေတာ တွေ့ရပါတယ်..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

လှုပ်ရှားမှုတွေအပြင်လှူဒါန်းမှုတွေမှာလည်း အားတက်သရောပါဝင်နေတဲ့ G-Fatt ကတော့ ဒီကနေ့ရဲ့မနက်ခင်းလေးကို ကောင်းမှုကုသိုလ်အလှူတွေနဲ့စတင်လိုက်ပြီး အသက်စွန့်သွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်..။

ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုတွေအတွက် တစ်သက်တာလစဉ်ထောက်ပံ့ကြေးဖြင့် ဂုဏ်ပြုလှူဒါန်းသွားမယ့် Fallen Heroes Fund Myanmar ရဲ့ အစီအစဉ်လေးမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပြီး အမြဲတမ်းအဖွဲ့ဝင်အဖြစ် G-Fatt က ပါဝင်လှူဒါန်းမှာ ဖြစ်ပါတယ်..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

"ဒီနေ့မနက်ကို အလှူလေးနဲ့စပါမယ်

အမြဲတမ်းအဖွဲ့ဝင်အဖြစ် လှူဒါန်းသွားပါမယ်

အာဇာနည်များ ကောင်းရာသုဂတိလားပါစေ ။.." ဆိုပြီး သူ့ရဲ့အလှူကို ပြောပြထား ဖြစ်ပါတယ်..။

အသက်စွန့်ပေးဆပ်သွားကြတဲ့သူရဲကောင်းတွေအတွက် ပြည်သူတွေက တတ်နိုင်သလောက်ပြန်လည်ပြီးလှူဒါန်းတဲ့ အဆိုပါအလှူအကြောင်းကိုလည်း G-Fatt က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်အသိပေး ဝေမျှထားတာပါ..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

သတင်း အရင်းအမြစ်G-Fatt's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T