မုဆိုးမမိခင်က ကျည်ထိမှန်ပြီး ပွဲချင်းပြီးကျဆုံးသွားခဲ့ရတာကြောင့် အကူအညီလိုအပ်နေတဲ့ ကျန်ရစ်သူသားသမီးသုံးယောက်

//s9.kh1.co/be/be793499868ef59d808a9d0e7213e85b6d8f8c48.jpeg
နေ့စဉ်သတင်းများ

 ၂၁-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မုဆိုးမမိခင်က ကျည်ထိမှန်ပြီး ပွဲချင်းပြီးကျဆုံးသွားခဲ့ရတာကြောင့် အကူအညီလိုအပ်နေတဲ့ ကျန်ရစ်သူသားသမီးသုံးယောက်

မြန်မာပြည်သူ၊ပြည်သားတွေရဲ့ စိတ်ထားကတော့ အားနည်းသူကို ကူညီဖေးမပြီး ဂရုဏာတရားနဲ့ကြင်နာပေးကြတာဖြစ်ပါတယ်။လက်ရှိကာလမှာ ကျဆုံးသွားရတဲ့ သူရဲကောင်းတွေလည်း မတ်လ(၂၀)ရက်နေ့အထိဆိုရင် အယောက်(၃၀၀)နီးပါး ရှိနေပြီဖြစ်ပါတယ်။အဝတ်လျှော်ပြီး မိသားစုရဲ့စားဝတ်နေရေးကို ဖြေရှင်းပေးနေတဲ့ ဟိန္ဒူအမျိူးသမီးကြီးတစ်ယောက်ဆိုရင်လည်း အဝတ်လျှော်ပြီးလို့ အိမ်အပြန်လမ်းမှာ ကျည်မှန်ပြီး ပွဲချင်းပြီးကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ဟိန္ဒူအမျိုးသမီးကြီးမှာ  ကလေးငယ်လေး(၂)ယောက်နဲ့ ကိုယ်ဝန်ဆောင်သည်သမီးကြီးတစ်ယောက်လည်း ရှိပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဟိန္ဒူအမျိုးသမီးကြီးက မုဆိုးမတစ်ယောက်ဖြစ်ပြီး နေစရာအိမ်လည်းမရှိတာကြောင့် မဟာသုခရဲ့နေမဝင်ကုသိုလ်ရှင်များခရီးမှာ သုညတဓမ္မရံသီ တရားရိပ်သာ ဆရာလေးဘုရားလှူဒါန်းပေးထားတဲ့ တဲနန်းတော်လေးမှာနေထိုင်နေတာဖြစ်ပါတယ်။အခုလိုမျိုး မိခင်ကကျဆုံးသွားခဲ့တာကြောင့် ကလေးသုံးယောက်လုံး အမိမဲ့ဖြစ်သွားပြီးအကူအညီလိုအပ်နေတာ ဖြစ်ပါတယ်။ကလေးသုံးယောက်ကတော့ ကျဆုံးသွားတဲ့မိခင် ဒေါ်တင်တင်ဝင်း(ခ)ဒေါ်စန်းသီးအတွက် ရည်စူးပြီး အိမ်မှာပဲ ကုသိုလ်ကောင်းမှူတွေလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကလေးသုံးယောက်က ဆရာတော်ဘုရားတွေကို ပစ္စည်းလေးပါးကပ်လှူပူဇော်ပြီး ဆွမ်းကပ်ခဲ့ပါတယ်။ဒါ့အပြင်လည်း ဧည့်သည်များနဲ့ ရပ်ကွက်သူ၊ရပ်ကွက်သားတွေကို မုန့်ဟင်းခါးစတုဒီသာကျွေးပြီး ကုသိုလ်ပြုခဲ့တာဖြစ်ပါတယ်။အမေမရှိတော့တဲ့ ကလေးသုံးယောက်ကို သူတို့ရဲ့အနာဂတ်လေးလှပဖို့အတွက် ဝိုင်းဝန်းကူညီပေးဖို့ ပြည်သူတစ်ဦးက တောင်းဆိုထားတာဖြစ်ပါတယ်။ကလေးသုံးယောက်ဆီကို တိုက်ရိုက်သွားပြီး လှူဒါန်းချင်တယ်ဆိုရင်တော့ “ရွှေနံသာဘုန်းကြီးကျောင်းနတ်စင်ဘေး ငွေစန္ဒာလမ်း ဘဲတန်းဟိန္ဒူဘုရားကျောင်းအနီး ကျွန်းသာယာရပ်ကွက် ပဲခူးမြို့”ဖြစ်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T