လမ်းပေါ်မှာငုံးဥပြုတ်ရောင်းနေတဲ့ ကလေးငယ်လေးရဲ့ စိတ်ဓာတ်က လေးစားစရာကောင်းလို့ သူ့ရဲ့အတွေ့အကြုံကို မျှဝေလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/ae/aeda6675ed04b340bcdaf3b2f117081814e084ca.jpeg
နေ့စဉ်သတင်းများ

 ၂၁-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လမ်းပေါ်မှာငုံးဥပြုတ်ရောင်းနေတဲ့ ကလေးငယ်လေးရဲ့ စိတ်ဓာတ်က လေးစားစရာကောင်းလို့ သူ့ရဲ့အတွေ့အကြုံကို မျှဝေလာတဲ့ ပြည်သူတစ်ဦး

အခုလိုအချိန်မျိုးမှာဆိုရင် လူတွေရဲ့စိတ်ထားနဲ့အကျင့်သီလတို့ကို ထင်ထင်ရှားရှားတွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။လက်ရှိအခြေအနေကြောင့် ကလေးတွေကအစ မိမိတို့တတ်နိုင်တဲ့အင်အားလေးတွေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေကြတာ ဖြစ်ပါတယ်။လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကို ကလေးတွေကလည်း ဖရဲသီးတွေ၊မုန့်ဖက်ထုတ်တွေ စတဲ့စားစရာလေးတွေကို တစ်နိုင်တစ်ပိုင်လေး လှူဒါန်းနေကြတာဖြစ်လို့အသက်သာငယ်ပေမယ့် လေးစားဖို့ကောင်းတဲ့စိတ်ထားပိုင်ရှင်လေးတွေ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တချို့ကလေးတွေကတော့ မိသားစုရဲ့စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းကနေကူညီပေးနေကြတာဖြစ်ပါတယ်။တစ်ရက်ကဆိုရင်လည်း ပြည်သူတစ်ဦးက ခရီးသွားရင်း အမြန်လမ်းပေါ်တက်ခါနီးမှာ ကလေးငယ်တစ်ယောက်က ကားနားလာပြီး ငုံးဥပြုတ်ရောင်းတဲ့အကြောင်းကို မျှဝေလာတာဖြစ်ပါတယ်။ငုံးဥပြုတ်ရောင်းတဲ့ကလေးက အခုလိုအရောင်းပါးနေတဲ့အချိန်မှာတောင် ငုံးဥပြုတ်ကို စျေးမှန်နဲ့ပဲရောင်းချနေတာ ဖြစ်ပါတယ်။ဝယ်သူကလည်း သုံးထုတ်ငါးရာဖြစ်လို့ တစ်ထောင်ဖိုးပေးဆိုပြီး ဝယ်ယူအားပေးလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီအချိန်မှာ ငုံးဥပြုတ်ရောင်းနေတဲ့ကလေးက နောက်မှာရပ်နေတဲ့ သူ့သူငယ်ချင်းကို လှမ်းခေါ်ကာ “မင်းထဲကငါးရာဖိုး ပေးလိုက်လေ”ဆိုပြီး မျှရောင်းလိုက်တာဖြစ်ပါတယ်။ဝယ်သူကလည်း ကလေးရဲ့စိတ်ထားလေးကြောင့်“ဒီကောင် တကယ့်လူတော်လူကောင်းပဲ”လို့ စိတ်ထဲကနေ ချီးကျူးလိုက်တာ ဖြစ်ပါတယ်။ပညာတွေသင် ကျင့်ဝတ်တွေသင်နေတဲ့ ပတ်ဝန်းကျင်မှာ တွေ့ရခဲတဲ့ အမူအကျင့်ကောင်းလေးတွေကို အခုလိုအရွယ်တောင်မရောက်သေးတဲ့ကလေးတွေဆီမှာမထင်မှတ်ဘဲတွေ့လိုက်ရတာကြောင့် ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T