သရုပ်ဆောင် ပိုးမမှီသာကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်နေသူဖြစ်တာကြောင့် ပရိသတ်တွေက လေးစားနေကြတာလည်း ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။
မနေ့ညကလည်း ပိုးမမှီသာရဲ့ Facebook အကောင့် တွင် သူမဆီကို ဖုန်းနံပါတ်တစ်ခုကမှားဝင်လာပြီး မြိတ်မြို့နားကသတင်းတွေကို ပြောပြခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့အကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ " မနက်က မသိတဲ့ဖုန်းနံပါတ်တစ်ခုဝင်လာတယ် ပုံမှန်ဆိုရင်တော့အကြောင်းအမျိုးမျိုးကြောင့်မသိတဲ့နံပါတ်ဆိုသိပ်မကိုင်ဖြစ်ပေမယ့်ဒီနေ့တော့ကိုင်လိုက်မိကြောင်း
သူမကိုင်မိလိုက်တဲ့အခါမှာ " ပဲခူးကကျွန်တော့သူငယ်ချင်းဖုန်းလားလို့ဆက်ကြည့်တာပါခင်ဗျာ ဖုန်းနံပါတ်သေချာမမှတ်ထားမိလို့မှတ်မိသလောက်နှိပ်ပြီးဆက်ကြည့်တာပါတဲ့ ဘယ်ရောက်သွားလဲ” ဆိုပြီး တစ်ဖက်မှပြောလာတာကို
ပိုးမမှီသာအနေနဲ့ ဘယ်ရောက်လဲမပြောလိုတာကြောင့် “ဖုန်းမှားနေတယ်”လို့ဆိုပြီးချဖို့လုပ်ခဲ့ပါတယ်
ဒါပေမယ့်လည်းသူ့ရဲ့ယဉ်ယဉ်ကျေးကျေးနဲ့အကူအညီမဲ့နေတဲ့လေသံကြောင့်ချက်ချင်းမချလိုက်ပဲဆက်နားထောင်မိလျက်သားဖြစ်သွားရာက သူဆက်ပြောလာတာတော့
“တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်တို့နယ်မှာအင်တာနက်လည်းမရှိတော့အကုန်လုံးဘာမှမသိဖြစ်နေတာနဲ့ ဆက်မိတာပါတဲ့”
စိတ်ထဲတော်တော်လေးမကောင်းဖြစ်တာနဲ့ “ဘယ်နယ်ကလဲ” လို့ဆက်မေးမိတယ်
“ မြိတ်” နားကပါတဲ့ “ဒီမှာတော်တော်လိုက်ဖမ်းနေတာဗျာ ယောက်ျားလေးတွေချည်းလိုက်ဖမ်းတာ ကျွန်တော်တို့လည်းတော်တော်ပြေးနေရတယ်” တဲ့ “အရင်ကလိုင်းလေးရတော့ အကုန်သိရသေးတယ် အခုကဘာတွေဖြစ်နေလဲမသိလို့ပါခင်ဗျာ” တဲ့
သူမကလည်း “ရန်ကုန်ကပါဆိုတဲ့အကြောင်း လိုင်းရတဲ့သူတွေလည်းအားလုံးအတူတူတင်ပေးပြီးပြန်ရဖို့ပြောနေကြကြောင်း အားမငယ်ဖို့အကျိုးအကြောင်းနည်းနည်းလေးတော့ပြောပြဖြစ်လိုက်ပါတယ်”
(ဖုန်းလိုင်းတွေစိတ်မချတာကြောင့် မပြောသင့်တဲ့အန္တရာယ်ရှိနိုင်တဲ့ info သတင်း စကားလုံးတွေတော့သတိထားပြီးပြောပါတယ်)
“လူတွေသေနေတုန်းပဲလားဗျာ” ဆိုတဲ့ မေးခွန်းကိုလည်း ရင်နာနာနဲ့ပဲ “ဟုတ်ကဲ့” လို့ ပြန်ဖြေခဲ့ကြောင်းကိုလည်းရေးသားထားပါသေးတယ်။
သူပြောတဲ့လိုက်ဖမ်းတယ် မဖမ်းတယ်ဆိုတဲ့ fact မှန် မမှန်ထက် ( တကယ်လိုက်ဖမ်းနေတယ်ဆိုလည်း အတော်ကိုစိတ်ပူစရာပါ) အင်တာနက်လိုင်းမရ လို့ သတင်းအချက်အလက်တွေဘယ်လောက်ပြတ်တောက်နေပြီလဲဆိုတာပါဘယ်နယ်တွေဝေးလံတဲ့နေရာတွေမှာဘယ်လိုအခြေအနေတွေဖြစ်နေမလဲစိတ်ပူသွားတာ ဒီမှာဖြစ်နေတာတွေCRPH နဲ့သက်ဆိုင်ရာတွေရဲ့သိသင့်တဲ့သတင်းတွေ အားတက်စရာလေးတွေ အားလုံးအတူတူ ခုခံနေတယ်ဆိုတာတွေ CDM တွေအားကောင်းနေဆဲဖြစ်ပြီးအားမလျော့လိုက်ဖို့တွေ သူတို့မသိလိုက်ရမှာ အတော်လေးစိုးရိမ်သွားကြောင်းနဲ့ Mobile Data တွေအမြန်ဆုံးပြန်ရဖို့ အားလုံးတူတူကြိုးစားပေးရဦးမယ် ပြန်ဖွင့်ပေးဖို့မမေ့မလျော့ဆက်တိုက်ဖိအားပေးရမယ်
Telecom operator တွေကိုလည်းပြည်သူတွေကိုကြည့်ပြီးပြည်သူတွေနဲ့အတူကူညီရပ်တည်ပေးဖို့ဒီနေရာကနေပဲတောင်းဆိုလိုက်ပါကြောင်းနဲ့
Mobile Data ပြန်ဖွင့်ပေးပါ " ဆိုပြီး သူမကြားသိခဲ့ရတာတွေကို ရေးသားပြောပြလာတာဖြစ်လို့ ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Poe Mamhe Thar’s Facebook Account