Twitterမှာချက်ချင်းပျံ့နှံ့လာခဲ့ပြီး အရုဏ်တက်ချိန်မှာပြုလုပ်ခဲ့ကြတဲ့ မန္တလေးမြို့ရှိလူထုလှုပ်ရှားမှုပုံရိပ်များ

//s9.kh1.co/c2/c26f70329547be6bb3b45f165e8139fbeb5d6997.jpg
နေ့စဉ်သတင်းများ

 ၂၁-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလုထုအနေနဲ့တတ်အားသရွေ့လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေအရှိန်အဟုန်မြင့်လာနေတာဖြစ်တဲ့အပြင် မြန်မာပြည်သူလုထုဟာ လက်ရှိအခြေအနေမှာဆိုရင် social media platformsအနေနဲ့ Twitterကိုပါကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြတာဖြစ်ပြီး လူထုလှုပ်ရှားမှုပုံရိပ်တွေနဲ့ ဖြိုခွင်းမှုအခြေအနေတွေကို အချိန်နဲ့အမျှတင်ပေးလာကြတာကိုတွေ့ရပါတယ်......။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ရက်ပေါင်း (၄၀)ကျော်ကြာမြင့်နေပြီဖြစ်တဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင်ဖြိုခွင်းမှုတွေလည်း ဆက်တိုက်ကြုံတွေ့နေရတာဖြစ်ပြီးတော့ ထိခိုက်ကျဆုံးသူတွေလည်းများပြားလာနေတာဖြစ်ပါတယ်။ အခုလိုအခြေအနေတွေနဲ့ကြုံတွေ့နေရပေမယ့် ပြည်သူလူထုဟာနည်းလမ်းအမျိုးမျိုးနဲ့ လူထုလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ဆောင်နေကြတာဖြစ်ပါတယ်.......။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ယနေ့မတ်လ (၂၁)ရက်နေ့မှာဆိုရင်လည်း မန္တလေးမြို့မှာရှိတဲ့ ဆေးပညာအသိုင်းအ၀န်းကကျောင်းသားတွေအပါအ၀င်ပြည်သူတွေဟာ အရုဏ်တက်ချိန်မှာ လူထုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပုံရိပ်တွေဟာဆိုရင်လည်း Twitterမှာချက်ချင်းပျံ့နှံ့လာကာ နိုင်ငံတကာသတင်းထောက်တွေကပါ တင်ပေးလာခဲ့ကြတာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်......။

Photo credit-Twitter acc
Photo credit-Twitter acc

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T