လက်ရှိအခြေအနေတွေအား နိုင်ငံတကာမှ သိရှိစေရန် လူမှုကွန်ယက်တွေကနေတစ်ဆင့် တိုင်ကြားနေရတဲ့ သူမရဲ့အဖြစ်ကို ပြောပြလာတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/4f/4f608562a203215f037acb14c9d075ef8e00b22d.jpeg
အနုပညာရှင်များ

 ၂၁-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ပိုင်ဖြိုးသုကတော့  ဆယ်စုနှစ်ကျော်တိုင်အောင်  ပရိသတ်တွေ  ချစ်ခင်အားပေးနေရတဲ့  မင်းသမီးတစ်လက် ဖြစ်ပါတယ်။  ဖေဖော်ဝါရီလအစကတည်းမှစပြီး  ပြည်သူတွေနဲ့အတူ  လူထုလှုပ်ရှားမှုများတွင်  တက်ကြွစွာ  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။  အမှန်တရားဘက်ကနေ  မားမားမတ်မတ်ရပ်တည်နေသူ တစ်ဦးဖြစ်တာကြောင့်လည်း  အားလုံးက ချီးကျူးနေကြတာပါ။

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 

ပိုင်ဖြိုးသုကတော့  လက်ရှိ အခြေအနေတွေကြောင့်  တိမ်းရှောင်နေရပေမယ့်လည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  အဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက်  speak out လုပ်ပေးနေတာပဲ  ဖြစ်ပါတယ်။  ဒါ့အပြင်  Twitter ကနေလည်း  နိုင်ငံတကာမှ  မြန်မာနိုင်ငံတွင်  နေ့စဉ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို  သိရှိနိုင်အောင်  တင်ပေးနေတာပဲ  ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း  ပိုင်ဖြိုးသုရဲ့Facebook အကောင့်တွင် လက်ရှိအခြေအနေတွေကြောင့် အတိုင်အတောထူနေရတဲ့ သူမရဲ့အကြောင်းကို ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 

" ငါလည်းအရမ်းအတိုင်အတောထူတဲ့ဟာမကြီးဖြစ်နေပြီ....

TTC ကသူငယ်ချင်းတွေအသိဆုံး...ငယ်ငယ်ကဘယ်လောက်တိုင်တာ တောတာဝါသနာမပါမှန်း...?

အသင်းသားတွေတံမြက်စည်းဘယ်သူမှမလှဲလည်း .တစ်ယောက်တည်းလှည်းခဲ့ပြီး

ဆရာမကအသင်းခေါင်းဆောင်မို့ စာမေးခိုင်းရင်လည်း စာလာဆိုတဲ့လူတိုင်း သူမအား ဘယ်လောက်များတလေးတစားရှိသလဲဆို *$&@ဖြစ်ပါသည် +'"*##@ဖြစ်ပါသည်..နဲ့ ဖြစ်ပါသည်တစ်ကြောင်းပဲဆိုဆိုသွားကြကြောင်းနဲ့

ဆရာမမှ အသင်းသား‌တွေစာရလားမေးရင် ဟုတ်တီချယ် ရတယ်ပဲဖြေခဲ့တာပဲ ဖြစ်ပြီး

ကိုယ်တိုင်လည်း အတိုင်အတောမထူပဲ  ဆရာမအားသွားတိုင်တဲ့သူတွေကိုလည်း အမြင်ကတ်ခဲ့ကြောင်း ရေးသားထားတာပါ။

လက်ရှိအချိန်မှာတော့ Twitterမှာတိုင်လိုက် ...e-mailနဲ့တိုင်လိုက်...Signalကနေတိုင်လိုက်...တိုင်လို့ရသမျှနေရာပတ်တိုင်နေတာ...

အရမ်းကိုအတိုင်အတောထူသူကြီးဖြစ်နေပြီ..." ဆိုပြီး သူမရဲ့ ပုံပန်းသဏ္ဍန်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင်  ရေးပြထားတာဖြစ်လို့  ပရိသတ်တွေလည်း  သိရှိနိုင်အောင်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Paing Phyoe Thu’s Facebook Account 

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T