ရဲစွမ်းသတ္တိအပြည့်နဲ့ ပါဝင်လှုပ်ရှားခဲ့တဲ့ ကလေးမလေးကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ စေတနာရှင်ပြည်သူတစ်စု

//s9.kh1.co/53/53473b57320ae7900f1e2e96796cc8eec49220ba.jpeg
နေ့စဉ်သတင်းများ

 ၂၂-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရဲစွမ်းသတ္တိအပြည့်နဲ့ ပါဝင်လှုပ်ရှားခဲ့တဲ့ ကလေးမလေးကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ စေတနာရှင်ပြည်သူတစ်စု

ဒီကာလမှာဆိုရင်တော့ Gen X,Y,Zတွေအပြင် Gen Alphaလေးတွေကပါ ခွန်အားအပြည့်နဲ့ ပါဝင်ဝန်းရံပေးနေကြတာဖြစ်ပါတယ်။ကလေးတွေကတော့ အသက်သာငယ်ကြပေမယ့် စိတ်ထားလေးတွေကပြည့်ဝပြီး သူတို့သိသလောက်၊တတ်သလောက်လေးတွေနဲ့ ကူညီနေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ  လူကြီးတွေကအစကလေးငယ်လေးတွေအဆုံးထိ တက်ညီလက်ညီနဲ့ ရင်ဆိုင်နေကြလို့ အားတက်စရာကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်။တစ်ရက်ကဆိုရင်လည်း ကလေးမလေးတစ်ယောက်က ရဲစွမ်းသတ္တိအပြည့်နဲ့ လမ်းပေါ်မှာပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ကလေးမလေးကတော့ လောက်လေးခွကို အားနဲ့မာန်နဲ့ကိုင်ပြီး ရှိတဲ့ခွန်အားလေးနဲ့ ပြည်သူတွေဘက်ကနေ ကာကွယ်နေတာဖြစ်ပါတယ်။အဲ့ဒီကလေးမလေးရဲ့သတ္တိအပြည့်နဲ့ပုံရိပ်လေးက ပြည်သူတွေကြားမှာ အရမ်းရေပန်းစားသွားခဲ့ပါတယ်။ကလေးမလေးရဲ့မိသားစုကတော့ အဆောင်ကျဉ်းကျဉ်းလေးမှာ နေထိုင်ရပြီး ဖခင်ဖြစ်သူက ပန်းရံအလုပ်လုပ်တာ ဖြစ်ပါတယ်။ကလေးမလေးရဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကို လေးစားကြတဲ့ ပြည်သူတချို့ကတော့တတ်နိုင်သလောက်လှူဒါန်းကြပြီး ဆက်သွယ်လို့ရအောင် ဖုန်းလေးတစ်လုံးပါ ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကလေးမလေးက ပညာသင်ကြားရမယ့်အရွယ်လေးလည်းဖြစ်တာကြောင့် ကျောင်းတက်နိုင်ဖို့အတွက်လည်း စီစဉ်ပေးနေကြတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်စုကလည်း အသက်ငယ်ငယ်လေးနဲ့ အရမ်းရဲရင့်တဲ့ အဲ့ဒီကလေးမလေးအတွက် အစစအရာရာကို ကူညီပေးကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ ဂရုဏာ၊မေတ္တာတရားကြီးမားကြလို့ တစ်ခုခုဆို ဝိုင်းဝန်းထောက်ပံ့ပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖုန်းလေးရလို့ အရမ်းပျော်ရွှင်သွားတဲ့ ကလေးမလေးရဲ့ အပျော်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T