အသက်အရွယ်ကြီးရင့်နေပေမယ့် စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်နဲ့ တူယှဉ်တွဲပြီး လမ်းမပေါ်ထွက်လာကြတဲ့ ချင်းလူမျိုးအဘိုးနဲ့အဘွား

//s9.kh1.co/a8/a80f43dda529e0da305b4c3d2b2410c0306bce56.jpeg
နေ့စဉ်သတင်းများ

 ၂၂-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အသက်အရွယ်ကြီးရင့်နေပေမယ့် စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်နဲ့ တူယှဉ်တွဲပြီး လမ်းမပေါ်ထွက်လာကြတဲ့ ချင်းလူမျိုးအဘိုးနဲ့အဘွား

ယခုလက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေကိုဆိုရင် မြို့နယ်အသီးသီးမှာရှိတဲ့ ပြည်သူလူထုက တက်ညီလက်ညီနဲ့ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ပြည်သူလူထုကတော့ တစ်လကျော်ကြာသွားသည့်တိုင်အောင် အခုအခြေအနေကို အားမလျော့ကြသေးဘဲ ဇွဲ၊လုံ့လ၊ဝီရိယတွေနဲ့ ရှေ့သို့ ဆက်လက်ချီတက်နေကြတာဖြစ်ပါတယ်။ဒီနေ့ခေတ်လူငယ်တွေရဲ့ ရဲစွမ်းသတ္တိနဲ့တီထွင်ကြံဆနိုင်မှုတွေကလည်း ချီးကျူးစရာကောင်းလောက်အောင် အရမ်းတော်ကြပါတယ်။ပြည်သူလူထုကတော့ လမ်းပေါ်ထွက်ရင် အသက်အန္တရာယ်ရှိမှန်း သိကြပေမယ့်လည်း မိမိတို့မှာရှိသလောက်ခွန်အားလေးတွေနဲ့သာ ရုန်းကန်နေကြရတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုချိန်မှာဆိုရင် ပြည်သူလူထုက အရမ်းစည်းလုံးကြပြီး သွေးသားမတော်စပ်ကြပေမယ့် တစ်ယောက်အခက်အခဲကို တစ်ယောက်ကမျှဝေခံစားပေးကြတာဖြစ်ပါတယ်။တစ်သွေးတည်း၊တစ်သားတည်းရှိနေကြတဲ့ ပြည်သူတွေကတော့ အကူအညီလိုအပ်ရင်လည်း ချက်ချင်းပေးနိုင်ဖို့အတွက် အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။ရက်ပေါင်း(၅၀)ကြာမြင့်သွားပြီဖြစ်တဲ့ လက်ရှိအခြေအနေမှာဆိုရင် အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်းအများအပြားရှိနေပြီဖြစ်လို့ ပြည်သူတွေရဲ့ရင်ထဲမှာ ပိုပြီးနာကျင်ခံစားနေရတာပဲ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

လူငယ်တွေရဲ့အနာဂတ်အတွက် တချို့လူကြီးတွေကပါ ပါဝင်ကူညီပေးပြီး သူတို့ရဲ့အရင်ခေတ်တုန်းကအတွေ့အကြုံတွေကိုလည်း မျှဝေပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အသက်အရွယ်ကြီးရင့်နေကြပြီဖြစ်တဲ့ချင်းလူမျိုးအဘိုးနဲ့အဘွားက စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်နဲ့ လမ်းမပေါ်ထွက်လာကြတာဖြစ်ပါတယ်။တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး သတ္တိအပြည့်နဲ့လျှောက်လှမ်းနေကြတဲ့ ချင်းအဘိုးနဲ့အဘွားတို့ရဲ့ပုံရိပ်လေးကြောင့် ပြည်သူတွေကလည်း ပိုပြီးအားတက်သွားကြတာဖြစ်ပါတယ်။သွေးချင်းညီနောင်ဖွားတွေကလည်းတစ်တပ်တစ်အားပါဝင်အားဖြည့်ပေးနေကြတာကိုမြင်ပြီး ပီတိဖြစ်မိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T