ပြည်သူတွေကိုကာကွယ်ရင်းနဲ့ ကျည်မှန်ပြီး ကျောက်ကပ်တစ်ခြမ်းထုတ်ပစ်လိုက်ရတာကြောင့် ဆေးကုသဖို့ အကူအညီလိုအပ်နေတဲ့ သူရဲကောင်းတစ်ဦး

//s9.kh1.co/db/db6bb4b628cbe7fe6975f610e4924430afbc4aad.jpg
နေ့စဉ်သတင်းများ

 ၂၂-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေကိုကာကွယ်ရင်းနဲ့ ကျည်မှန်ပြီး ကျောက်ကပ်တစ်ခြမ်းထုတ်ပစ်လိုက်ရတာကြောင့် ဆေးကုသဖို့ အကူအညီလိုအပ်နေတဲ့ သူရဲကောင်းတစ်ဦး

အသက်ဆုံးရှုံးသွားရတဲ့သူတွေ တစ်နေ့ထက်တစ်နေ့ များပြားလာခဲ့ပြီဆိုပေမယ့်လည်း ပြည်သူတွေကတော့ လုံးဝအားမလျှော့ဘဲ ကြိုးစားနေကြဆဲ ဖြစ်ပါတယ် ။ ပြည်သူတွေကိုကာကွယ်ပေးနေတဲ့ သူရဲကောင်းတွေထဲက တစ်ချို့ကတော့ ကျဆုံးသွားခဲ့ပြီဖြစ်သလို တစ်ချို့ကလည်း အသက်ရှင်ကျန်ခဲ့ပေမယ့် ဒဏ်ရာတွေရရှိခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း သူရဲကောင်းတစ်ဦးက ကျည်ထိမှန်ခဲ့တဲ့ဒဏ်ရာကြောင့် သူ့ရဲ့ကျောက်ကပ်တစ်ခြမ်းကို ထုတ်ပစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

သူကတော့ ကိုကျော်လင်းအောင် (ခေါ်) ကိုသားငယ်ဖြစ်ပြီး တောင်ဒဂုံမြို့နယ် ဒိုင်းကာအဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ကိုသားငယ်က ပြီးခဲ့တဲ့ မတ်လ (၁၄) ရက်နေ့၊ ညနေ (၆) နာရီခန့်က သစ်ဆိုင်ကွေ့ GEC နားမှာ လူထုလှုပ်ရှားမှုပြုလုပ်နေခဲ့တာ ဖြစ်ပါတယ် ။ ဒိုင်းကာအဖြစ် တာဝန်ထမ်းဆောင်ရင်းနဲ့ ပြည်သူတွေကို ကာကွယ်ခဲ့တဲ့ ကိုသားငယ်က လူစုခွဲဖြိုခွင်းခံရချိန်မှာ ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အသက်ရှင်ကျန်ခဲ့ပေမယ့်လည်း ကျောက်ကပ်တစ်ခြမ်း ထုတ်ပစ်လိုက်ရတဲ့ ကိုသားငယ်က ဆေးရုံမှာကုသမှု ခံယူနေရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူရဲကောင်း ကိုသားငယ်အတွက် ဆေးကုသမှုတွေပြုလုပ်ပေးဖို့ လိုအပ်နေသေးတာကြောင့် သူ့ရဲ့မိသားစုဝင်တစ်ဦးက အကူအညီတောင်းခံလာခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေကို အသက်အန္တရာယ်ကြားကနေ ရဲရဲရင့်ရင့်ကာကွယ်ပေးခဲ့တဲ့ သူရဲကောင်းကို ကူညီချင်တဲ့သူတွေအတွက် ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ကိုပါ စာထဲမှာဖော်ပြပေးထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေလည်း အခက်အခဲဖြစ်နေတဲ့သူကို ကူညီလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ 

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T