သူ့ရဲ့အခြေအနေကိုသိလို့ ဇနီးသည်ကို နောက်ဆုံးအနေနဲ့ရင်ခွင်ထဲမှာဖက်ထားပေးဖို့ ပြောပြီး ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦး

//s9.kh1.co/2c/2ced4c001ee78d6af8fd0ae1b085a2c0ec7d92ed.jpeg
နေ့စဉ်သတင်းများ

 ၂၃-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူ့ရဲ့အခြေအနေကိုသိလို့ ဇနီးသည်ကို နောက်ဆုံးအနေနဲ့ရင်ခွင်ထဲမှာဖက်ထားပေးဖို့ ပြောပြီး ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦး

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် တချို့မိသားစုတွေကလည်း ဘယ်တော့မှပြန်မရနိုင်တော့တဲ့ မိမိတို့ရဲ့သွေးသားရင်းခြာတွေကို ဆုံးရှုံးသွားရတာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုရဲ့ထမင်းဝိုင်းတွေကလည်း လူမစုံတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်လွန်းတဲ့အခြေအနေရှိပါတယ်။လက်ရှိမှာဆိုရင် တစ်ဦးတည်းသောသားသမီးတွေလည်းကျဆုံးသွားရတာကြောင့် မိဘတွေအနေနဲ့ အရမ်းရင်ကျိုးရပြီး တချို့ကလေးတွေဆိုလည်း မိဘမဲ့ဖြစ်သွားရပြီဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းတွေရဲ့မိသားစုဝင်တွေကိုတော့ ပြည်သူလူထုက တတ်နိုင်သလောက် ကူညီဖေးမပေးကြတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

လွန်ခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း မန္တလေးမြို့မှာနေထိုင်တဲ့ ဦးဖြိုးမောင်မောင်ကတော့ လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း ခြေထောက်ကို ကျည်ထိသွားတာဖြစ်ပါတယ်။ဆေးရုံ၊ဆေးခန်းလည်း မသွားရတာကြောင့် ဦးဖြိုးမောင်မောင်က သွေးထွက်လွန်ပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။မကျဆုံးခင် ရှေ့ရက်ပိုင်းတွေမှာ ဦးဖြိုးမောင်မောင်ကိုဇနီးသည်က မသွားဖို့တားပေမယ့်လည်း “ငါသေရင်လည်း အာဇာနည်ဖြစ်တာပေါ့ ငါ့မိန်းမရယ်”ဆိုပြီး ပြန်ပြောတယ်လို့ သိရပါတယ်။ဦးဖြိုးမောင်မောင်တို့ဇနီးမောင်နှံက သားသမီးမရှိတာကြောင့် တစ်ယောက်ကိုတစ်ယောက်အရမ်းဂရုစိုက်ပြီး အေးအတူပူအမျှနေထိုင်နေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အရမ်းချစ်ရတဲ့ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရတာကြောင့် ဇနီးသည်ခင်မျာမှာလည်း ပူဆွေးသောကတွေရောက်နေရတာဖြစ်ပါတယ်။ဦးဖြိုးမောင်မောင်ကတော့ သူ့ရဲ့အခြေအနေကိုသိလို့ ဆုံးခါနီးမှာတောင်“မိန်းမ ငါမရတော့ဘူးသွားရတော့မှာ မင်းရင်ခွင်ထဲ နောက်ဆုံးအနေနဲ့ ဖက်ထားပါတော့ “ဆိုပြီး ပြောလိုက်သေးတာဖြစ်ပါတယ်။ဦးဖြိုးမောင်မောင်ရဲ့ဇနီးကတော့ အသက်ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်းခင်ပွန်းသည်ရဲ့ မျက်နှာလေးကို နောက်ဆုံးအနေနဲ့အဝကြည့်နေခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး မိသားစုတွေ၊ချစ်တဲ့သူတွေက သေကွဲကွဲနေရတာကြောင့် ပြည်သူတွေကလည်း အရမ်းဝမ်းနည်း​နေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T