တစ်လကျော်ကြာသွားပြီဖြစ်တဲ့ ဒီအခြေအနေကို အိမ်ကနေကိုယ့်ထမင်းချိုင့်ကိုယ်ထုတ်လာပြီး လမ်းပေါ်မှာရင်ဆိုင်နေကြတဲ့ လူငယ်တချို့

//s9.kh1.co/48/48aafe80774ea58dc10457e4cc6eef454fb09f5a.jpeg
နေ့စဉ်သတင်းများ

 ၂၃-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တစ်လကျော်ကြာသွားပြီဖြစ်တဲ့ ဒီအခြေအနေကို အိမ်ကနေကိုယ့်ထမင်းချိုင့်ကိုယ်ထုတ်လာပြီး လမ်းပေါ်မှာရင်ဆိုင်နေကြတဲ့ လူငယ်တချို့

ပြည်သူလူထုကတော့ တစ်လကျော်ကြာသွားပြီဖြစ်တဲ့ ဒီအခြေအနေကို ရဲစွမ်းသတ္တိအပြည့်နဲ့ ဆက်လက်ရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။လူငယ်တွေကလည်း ရှေ့ဆုံးကနေ တက်တက်ကြွကြွပါဝင်ပြီး နောက်တန်းကပြည်သူတွေရဲ့လုံခြုံရေးကို ကာကွယ်ပေးနေကြတာဖြစ်ပါတယ်။ပြည်သူတွေ အချင်းချင်းကတော့ ကိုယ့်ရဲ့မိသားစုဝင်လိုမျိုးသတ်မှတ်ထားကြပြီး ကာကွယ်စောင့်ရှောက် ပေးနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း မြန်မာပြည်သူ၊ပြည်သားတွေရဲ့ ရိုင်းပင်းကူညီချင်စိတ်က လေးစားဖို့ကောင်းပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူထုလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ပြည်သူတွေ အဟာရပြည့်ဖို့အတွက် အလှူရှင်တချို့ကလည်း စားစရာတွေကိုအလျှံပယ်လှူဒါန်းကြတာဖြစ်ပါတယ်။အခုရက်ပိုင်းထိလည်း တချို့နေရာလေးတွေမှာ စားစရာတွေလှူကြပေမယ့်အရမ်းဖြိုခွင်းတဲ့နေရာတွေမှာတော့ ဘာမှလှူလို့မရတဲ့အခြေအနေဖြစ်ပါတယ်။လူငယ်တချို့ကတော့ မိမိတို့အိမ်ကနေ ထမင်းချိုင့်ထုတ်လာပြီး လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်လေးတချို့က လမ်းပေါ်မှာပဲ ထမင်းချိုင့်လေးကိုဖွင့်ပြီး စားသောက်နေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နေ့လည်ခင်း ခဏနားကြတဲ့အချိန်မှာ လမ်းဘေးမှာပဲ သူငယ်ချင်းတွေအကုန်လုံး ဝိုင်းဖွဲ့စားသောက်နေကြတဲ့မြင်ကွင်းလေးက ရင်ထဲကိုထိမှန်စေပါတယ်။လူငယ်တွေရဲ့ စိတ်အားထက်သန်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ပိုမို အားကောင်းလာပြီး ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်ပါ ကြိုးစားပေးနေကြတာ ဖြစ်ပါတယ်။လူငယ်တွေက သူတို့ရဲ့ဇွဲ၊လုံ့လ၊ဝီရိယတွေနဲ့ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ကြပြီး ဖြစ်သလိုနေ၊ဖြစ်သလိုစားနေကြတဲ့ပုံရိပ်လေးတွေက မျက်ရည်ကျရလောက်တဲ့အထိကို ဝမ်းသာပီတိဖြစ်မိလို့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T