လက်လုပ်လက်စား အိမ်ခြေတစ်ရာကျော်အတွက် အစားအသောက်များသွားရောက် လှူဒါန်းခဲ့တဲ့ စူးရှထက်

//s9.kh1.co/2d/2d74a6b9c690f42149e0772191f183e9eef173da.jpeg
အနုပညာရှင်များ

 ၂၃-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

စူးရှထက်ကတော့ ခုလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ထပ်တူရပ်တည်ခဲ့သူတစ်ယောက်ပါ။ရရာနေရာကနေ လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်ခဲ့တာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ ဒါ့အပြင် လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေအပြင်  ညဘက်မှာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်လုံခြုံမှုအတွက် ကင်းစောင့်ပေးကြတဲ့ ပြည်သူများကိုလည်း အစားအသောက်များကိုယ်တိုင်ချက်ပြုတ်ကာ လှူဒါန်းခဲ့ပါတယ်။

 Photo Credit : Zar Chi Facebook Account
 Photo Credit : Zar Chi Facebook Account
 Photo Credit : Zar Chi Facebook Account
 Photo Credit : Zar Chi Facebook Account

အခုဆိုရင် ရက်တွေများစွာကြာနေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးဟာအရင်လို ငြိမ်းချမ်းစွာမရှိတော့ဘဲ အပစ်အခတ်တွေ အတားအဆီးတွေကြောင့် ပြည်သူတွေဟာ အသက်တွေဆုံးရှုံးရသလို ညဘက်တွေဆိုရင်လည်း အိုးအိမ်ပစ္စည်းဥစ္စာတွေ အဖျက်အဆီးခံနေရတာကြောင့် ပြည်သူတွေဟာ စိုးရိမ်မှုတွေများစွာနဲ့နေ့ရောညပါနေထိုင်နေရတာပါ။ခုလိုအခြေအနေမျိုးကြီးမှာ အလုပ်အကိုင်တွေလည်း အလွယ်တကူမလုပ်နိုင်တာကြောင့် ပြည်သူ တစ်ချို့ဟာ စားဝတ်နေရေးအခက်အခဲတွေများစွာကိုကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

 Photo Credit : Zar Chi Facebook Account
 Photo Credit : Zar Chi Facebook Account
 Photo Credit : Zar Chi Facebook Account
 Photo Credit : Zar Chi Facebook Account

ဒီလိုအဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတဲ့ လက်လုပ်လက်စား မိသားစုတွေကို ပြည်သူတွေကော အနုပညာရှင်တွေက တတ်နိုင်သလောက်ထောက်ပံ့ကာလှူဒါန်းမှုတွေမျိုးစုံလုပ်ပေးနေတာလည်း ဝမ်းသာစွာ တွေ့ရပါတယ်။အခုလည်း စူးရှထက်က လက်လုပ်လက်စား အိမ်ခြေတစ်ရာကျော်ကို အစားအသောက်များစွာသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။အလှူပုံလေးတွေနဲ့အတူ " ဒီနေ့အလှူလေးပါ လက်လုပ်လက်စားသမားလေးတွေပါ အိမ်ခြေတစ်ရာကျော်ရှိပါတယ် အခုလိုလာလှူပေးလို့ ထိုင်တောင်ကန်တော့ချင်တယ်တဲ့ နောက်ထပ်လာလှူမယ်လို့ ဂတိပေးထားခဲ့ပါတယ် စူးနဲ့အတူလှူကြရအောင်နော် ပါဝင်ပေးကြပါအုံး"ဆိုတဲ့စာလေးကိုလည်းဝေမျှထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးရင်း မြန်မာပြည်ကြီး အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

 Photo Credit : Zar Chi Facebook Account
 Photo Credit : Zar Chi Facebook Account
 Photo Credit : Zar Chi Facebook Account
 Photo Credit : Zar Chi Facebook Account

Source & Photo Credit : Zar Chi Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T