စားဝတ်နေရေးခက်ခဲနေကြတဲ့ အိမ်ထောင်စု (၁၀၀၀)စာကို စားသောက်ကုန်တွေလှူဒါန်းဖို့အတွက် ထုတ်ပိုးပြင်ဆင်နေတဲ့ ဝေဠုကျော်

//s9.kh1.co/ad/ad50bdb16d597bde003765d6dfe1c286df455279.jpg
အနုပညာရှင်များ

 ၂၃-မတ်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့ ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ပြည်သူတွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားသူကတော့ သရုပ်ဆောင်မင်းသားဝေဠုကျော်ပဲ ဖြစ်ပါတယ်..။

ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအတွက် လိုအပ်တဲ့နေရာတွေမှာ တတ်နိုင်သလာက်အားဖြည့်ပါဝင်ပေးသလို လှူဒါန်းမှုတွေပြုလုပ်နေတာကိုလည်း မကြာခဏဆိုသလို တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

စားဝတ်နေရေးခက်ခဲနေကြတဲ့ အိမ်ထောင်စု (၁၀၀၀)စာကို အစားအသောက်တွေပေးဝေလှူဒါန်းဖို့အတွက် ကိုယ်တိုင်ကိုယ်ကျပြင်ဆင်ထုတ်ပိုးနေပြီး အဆိုပါအလှူမှာ စေတနာရှင်ပြည်သူတွေပါဝင်နိုင်ဖို့ကိုလည်း ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း တိုက်တွန်းထားပါသေးတယ်..။

"23-3-2021

ဝေဠုကျော်ဖောင်ဒေးရှင်းမှ

စားသောက်ရေး ခက်ခဲနေသည့် အိမ်ထောင်စု ၁၀၀၀ စာ ကို လှူဒါန်း ထောက်ပံ့ပေးနိုင်ရန်အတွက် ဒီနေ့ စတင် ပြင်ဆင်ပါတယ်။

ဒီနေ့ ဆန်အိတ်တချို့ လာချပါပြီ။

အခြားပစ္စည်းတွေ မနက်ဖြန် ထုပ်ပိုးပါမယ်။

စေတနာအလှူရှင်များရဲ့ လှူဒါန်း ပေးမှုလည်း လိုအပ်ပါသေးတယ်။

အခုလို အချိန် စားဝတ်နေရေး ခက်ခဲ ကြပ်တည်းနေတဲ့

အခြေခံလူတန်းစားများအတွက် အလှူခံပါတယ်။.. "ဆိုပြီး အလှူအကြောင်းကို ဝေမျှပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"ဝေဠုကျော်ဖောင်ဒေးရှင်း

ဝေဠုကျော် နေအိမ်

အမှတ် ၂၃၇ ၊ကံ့ကော်မြိုင် ၂လမ်း ၊ ၂၃ရပ်ကွက် ၊

VIP 1 ၊သုဝဏ္ဏ ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

( ရေစက် မှတ်တိုင် အနီး )

09-4 555 000 10(K Pay)(U Soe Thein)

09-4 555 000 14

09-77 60 89 484 (Wave Money account)

ဘဏ်မှ ထည့်ဝင်လှုဒါန်းလိုသူများအတွက်

Wai Lu Kyaw Foundation

KBZ Bank (Thuwunna)

07810307800806601

ဦးစိုးသိမ်း

12/သကတ (နိုင်) 011 519

မြန်မာ့ရှေ့ဆောင်ဘဏ် (သုဝဏ္ဏဘဏ်ခွဲ)

045 01 31 04 500 11 83 045

ဧရာဝတီဘဏ် (သုဝဏ္ဏဘဏ်ခွဲ)

004 522 30 1000 66 00

CB Bank (သုဝဏ္ဏဘဏ်ခွဲ)

00 78 600 1000 25 739.." ဆိုပြီးတော့လည်း အလှူရှင်တွေ ဆက်သွယ်လှူဒါန်းနိုင်ဖို့အတွက်လည်း အသိပေးပြောပြထားတာပါ..။

အလှူအကြောင်းကို ဝေမျှထားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ ပို့စ်အောက်မှာတော့ ပြည်သူပရိသတ်တွေကလည်း ဝမ်းသာစွာနဲ့သာဓုခေါ်ကာ အလှူမှာပါဝင်ကြမယ့်အကြောင်းတွေကိုလည်း မှတ်ချက်လေးတွေပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T