သူမတို့နဲ့ပတ်သတ်ပြီး ပြည်သူတွေထင်ယောင်ထင်မှားဖြစ်စေမယ့် သတင်းအတုတွေထွက်ရှိနေတဲ့အပေါ် ပြန်လည်ဖြေရှင်းလာတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/79/790c6662a7d3e05aa9150589b587b7da88595db9.jpeg
အနုပညာရှင်များ

 ၂၃-မတ်-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့  ဖေဖော်ဝါရီလအစပိုင်းကတည်းကနေ အခုချိန်ထိ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ  တက်ကြွစွာ ပူးပေါင်းပါဝင်နေကြသူတွေပဲ  ဖြစ်ပါတယ်။ လတ်တလော အခြေအနေများကြောင့်  တိမ်းရှောင်နေရပေမယ့်လည်း  နေ့စဉ်ရက်ဆက် သတင်းအချက်အလက်များအား  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  တိမ်းရှောင်နေစဉ်အတောအတွင်း သူမတို့ဇနီးမောင်နှံနဲ့ ပတ်သတ်ပြီးတော့  ကောလဟာလများစွာ  ထွက်ရှိနေတာကြောင့်  မကြာသေးခင်  နာရီပိုင်းဆလာက်က  သုသုရဲ့ Facebook အကောင့်တွင်  ပြန်လည်ဖြေရှင်းလာတာပဲ  ဖြစ်ပါတယ်။

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 

" အခြေအမြစ်မရှိတဲ့ page နဲ့websiteမှာ ပိုင်ဖြိုးသုကပြောကြားလာပါတယ် ဆိုပြီးတင်ထားတဲ့သတင်းတွေ့လိုက်လို့ပါ....

သူရေးထားတာကလည်းတကယ်ကိုယုံလောက်စရာ အကွက်ကျကျဇာတ်လမ်းဆင်ရေးထားတာပါ...

အခုဒီမှာအဲဒီ့interviewရဲ့linkကိုမထည့်ပေးဘူးဆိုတာ ကျွန်မထည့်ပေးလိုက်မှအဲဒီ့pageအခုထက် reachကောင်းသွားမှာစိုးလို့ပါ....(လက်ရှိတောင်သူ့postကshare5.7K)

ရည်ရွယ်ချက်ရှိရှိနဲ့ကို ထင်ယောင်ထင်မှားဖြစ်‌စေမယ့်ခေါင်းစဉ်တပ် ရေးထားတာပါ...

အဲဒီ့postအောက်မှာ ဝိုင်းဝန်းစွပ်စွဲပြောဆိုထားသူများကိုလည်းမေးချင်လို့ပါရှင်...

ကျွန်မတို့လင်မယားကဒလန်တွေဆိုရင် ဝရမ်းထုတ်ခံရပါ့မလား??? 

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 

ကျွန်မတို့သာ အမှန်တရားဘက်ကမရပ်တည်ချင်ရင် အသာလေးရေလိုက်ငါးလိုက် ရေသာခိုနေကြမှာပေါ့ရှင်...(အဲ့သလို နေနေကြသူတွေလည်းရှိနေတာပဲ)

အများစိတ်ဆင်းရဲနေရချိန်မှာ ကိုယ့်ဒုက္ခတွေမဝေမျှချင်ပေမယ့် ဒီတစ်ခုတော့အတိအကျကျွန်မပြောပါရစေ...

ကျွန်မပိုင်ဖြိုးသုသည် မည်သည့်အသွင်ပြောင်း  mediaအတု pageအတုကိုမျှ interviewဖြေကြားထားခြင်းမရှိပါ...

အရေးတော်ပုံကြီးအောင်မှ ဝရမ်းပြေးဘဝအတွေ့ကြုံများဆိုပြီး တစ်ရက်သက်သက်ပြောပြရဦးမယ်...." ဆိုပြီးလက်ရှိပြန့်နှံ့နေတဲ့ ကောလဟာလသတင်းအတုတွေနဲ့ပတ်သတ်ပြီး  ပြန်လည်ဖြေရှင်းလာတာကြောင့်  ပရိသတ်တွေလည်း  သိရှိစေရန်အတွက်  တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Paing Phyoe Thu’s Facebook Account 

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T