တစ်နိုင်ငံလုံး စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပြည်သူအချင်းချင်း ဖေးမကာကွယ်စောင့်ရှောက်ကြဖို့ တောင်းဆိုလိုက်တဲ့ ဟန်နာယူရီ

//s9.kh1.co/37/3701aada24401fa76b929a13fc38eeb6694a6901.jpeg
အနုပညာရှင်များ

 ၂၄-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

Make-Up Artist တစ်ယောက်ဖြစ်ရုံတင်မကဘဲ  ကြော်ငြာတွေမှာလည်း  ပါဝင်သရုပ်ဆောင် ရိုက်ကူးနေရသူကတော့  ဟန်နာယူရီပဲ  ဖြစ်ပါတယ်။  သူမကတော့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ  အမှန်တရားဘက်ကနေ  ရပ်တည်နေသူတစ်ဦးပဲ  ဖြစ်ပါတယ်။ စုဆောင်းထားတဲ့အနုပညာကြေးတွေနဲ့လည်း လိုအပ်နေတဲ့ ပြည်သူတွေအတွက် အလှူအတန်းတွေတောက်လျှောက်ပြုလုပ်နေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Hannayuri’s Facebook Page
Photo Crd-Hannayuri’s Facebook Page
Photo Crd-Hannayuri’s Facebook Page
Photo Crd-Hannayuri’s Facebook Page

လက်ရှိအခြေအနေတွေ  ပြင်းထန်လာတာနဲ့အမျှ စားဝတ်နေရေးတွေလည်း  ကျပ်တည်းနေကြပါပြီ။  စားသောက်ကုန်ပစ္စည်းတစ်ချို့ကိုလည်း  အမြတ်တင်ရောင်းချမှုတွေကြောင့်လည်း  ပြည်သူတွေအဆင်မပြေမှုတွေနဲ့  ကြုံတွေ့နေကြရတာပါ။  မနေ့ညကလည်း  ဟန်နာယူရီရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  အခုလို  စီးပွားရေးကျပ်တည်းနေကြချိန်မှာ ပြည်သူအချင်းချင်း  ဖေးမကာကွယ်စောင့်ရှောက်ကြဖို့  တိုက်တွန်းရေးသားထားတာပဲ  ဖြစ်ပါတယ်။  " စီးပွားရေးကျပ်တည်းမှုတွေ။

တစ်နေ့ထက်တစ်နေ့သိသိသာသာစတင်နေပါပြီ

တိုင်းပြည်အခြေအနေတွေကရုတ်တရက်ကို

zero ထိထိုးကျသွားတာပါ။

လိုင်းပေါ်ကပြောနေတာစျေးတ္ရွေမှာကုန်စျေးနှုန်း

တက်တယ်စျေးတင်ရောင်းတယ်နဲ့ 

အပြင်စျေးထဲမှာစျေးသည်လေးတွေခမျာ

စျေးသိမ်းချင်လို့အိမ်စောစောပြန်ချင်လို့တဲ့

စျေးတွေအကုန်လျှော့ရောင်းနေကြတာပါ

ကြက်ပေါင်တစ်ပိုင်း500

ကြက်သွန်နီတစ်ပတ်သာ၁၀၀၀

အာလူးတွေလည်းအရမ်းပေါ

ကုန်စိမ်းသမားတွေလည်းအရှုံးတွေပေါ်

အန္တရာယ်များတဲ့အထဲကအသက်လုရောင်း

နေရရှာတာအရမ်းစိတ်မကောင်းဘူး

အခုကအလယ်အလတ်လူတန်းစား

လည်းကျပ်တည်းနေပြီ

Photo Crd-Hannayuri’s Facebook Page
Photo Crd-Hannayuri’s Facebook Page
Photo Crd-Hannayuri’s Facebook Page
Photo Crd-Hannayuri’s Facebook Page

အခြေခံလူတန်းစားဘဝတွေဘယ်လောက်

ခက်ခဲနေလည်းဆိုတာတွေးကြည့်စရာမလိုပါ။

အခြေခံလူတန်းစားတွေရဲ့ စီးပွားရေးလုပ်ငန်းငယ်

စျေးဆိုင်လေးတွေကိုအားပေးပေးပါ။

စားဝတ်နေရေးပြေလည်စေဖို့အချင်းချင်းကူမှရပါမယ်

Covid တစ်နှစ်ကျပ်တည်းတာတွေကော

အခုဒီအခြေနေမှာဒီအဖြစ်ဆိုးကြီးရင်ဆိုင်

နေရတာတကယ်ကိုနာလံမထူနိုင်အောင်ပဲ ။

ကိုယ်မငတ်ရင်ရပြီအပိုစားမယ့်ထဲက 

ပိုခက်ခဲတဲ့သူတွေအတွက်ကိုဖဲ့ဝေမျှလှူဒါန်းမှရမှာပါ

ကျွန်မလေskincareတို့personal use

တွေကုန်တာလည်းထပ်မဝယ်ရက်ဘူး။

တစ်သောင်း/တစ်သိန်းဆိုလည်းချို့တဲ့သူတွေ

အတွက်အများကြီးရမှာငဲ့ပြီး

မလိုအပ်မသုံးပဲတတ်နိုင်သလောက်

ဖြည့်လှူနေတာ။ခုရက်တွေကိုယ့်ဖို့ကို

လုံးဝမရှိမဖြစ်အရေးကြီးလိုအပ်မှ

သာပိုက်ဆံသုံးပါတယ်

ဘုရားဟောတဲ့အတိုင်းဆို

ကပ်ရောဂါဘေး

မင်းဆိုးမင်းညစ်ဘေး

ပြီးရင်ငတ်မွတ်ခေါင်းပါးမှုအငတ်ဘေးလာမှာတဲ့

ကျွန်မတို့တွေဒီထက်ဘယ်လောက်ကျပ်တည်းမလဲ

မသိဘူး။အတူဝိုင်းဆုတောင်းပြီး

အချင်းချင်းဖေးမစောင့်ရှောက်ကြရမှာပါပဲ 

ပြည်သူအချင်းချင်းဖေးမကာကွယ်စောင့်ရှောက်ကြပါစို့ " ဆိုပြီး သူမရဲ့ ရင်တွင်းခံစားချက်တွေကို ရေးသားထားတာကြောင့်  ပရိသတ်တွေလည်း သိရှိစေရန်  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။  

Source and Photo Crd-Hannayuri’s Facebook Page 

Photo Crd-Hannayuri’s Facebook Page
Photo Crd-Hannayuri’s Facebook Page
Photo Crd-Hannayuri’s Facebook Page
Photo Crd-Hannayuri’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T