ကျည်ကာအောင်လို့ ကျောပိုးအိတ်ထဲကို အထပ်သားပြားတွေချိုးထည့်ပြီး လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့ပေမယ့် ကျဆုံးသွားခဲ့ရတဲ့ လူငယ်တစ်ဦး

//s9.kh1.co/0e/0e5491dddcfd52170c40029e922923edcb46cae1.jpeg
နေ့စဉ်သတင်းများ

 ၂၄-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကျည်ကာအောင်လို့ ကျောပိုးအိတ်ထဲကို အထပ်သားပြားတွေချိုးထည့်ပြီး လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့ပေမယ့် ကျဆုံးသွားခဲ့ရတဲ့ လူငယ်တစ်ဦး

လက်ရှိမှာဆိုရင် ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ လူငယ်တွေက လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေကို ဦးဆောင်နေကြတာဖြစ်ပါတယ်။အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေဖြစ်တဲ့ လူငယ်တွေကတော့ မိမိတို့ရဲ့အသက်အန္တရာယ်ကို ဂရုမစိုက်ကြဘဲ အများအကျိုးအတွက် စွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်နေတာ ဖြစ်ပါတယ်။အသက်ပေးသွားခဲ့ရတဲ့သူရဲကောင်းတွေအတွက်လည်း ပြည်သူလူထုက ပိုပြီးကြိုးစားပေးနေကြတာဖြစ်လို့ ဒီနေ့အချိန်ထိတိုင် ဘယ်သူမှအားမလျော့ကြသေးတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မတ်လ(၂၃)ရက်နေ့ကဆိုရင် မန္တလေးမှာ ပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေကို ဖြိုခွင်းခံရလို့ ကျဆုံးသူတွေလည်းထပ်မံရှိခဲ့ပါတယ်။ပြည်သူလူထုကတော့ မိမိတို့မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့သာ အသက်အန္တရာယ်ကို တတ်နိုင်သလောက် ကာကွယ်နေကြရတာ ဖြစ်ပါတယ်။အသက်(၂၈)နှစ် ဝန်းကျင်ရှိတဲ့ လူငယ်လေးတစ်ယောက်ဆိုရင်ကျည်ကာဖို့အတွက် သူ့ရဲ့ကျောပိုးအိတ်လေးထဲမှာ အထပ်သားပြားတွေကို ချိုးထည့်ထားပြီး လမ်းပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ကျောပိုးအိတ်မှာ အထပ်သားပြားတွေချိုးထည့်လာပြီးကာကွယ်ခဲ့ပေမယ့် ကျည်က အဲ့ဒီလူငယ်လေးရဲ့ဦးခေါင်းကို မှန်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အနီးနားမှာရှိတဲ့ပြည်သူတွေကတော့ ကျည်ထိသွားခဲ့တဲ့ လူငယ်လေးကို ဆိုင်ကယ်ပေါ်တင်ပြီး ဆေးရုံ၊ဆေးခန်း ပို့ပေးခဲ့ကြတာ ဖြစ်ပါတယ်။ပြည်သူတွေကလည်း အပြန်အလှန်ကာကွယ်စောင့်ရှောက်နေကြတာဖြစ်လို့ အသက်အန္တရာယ်ကြုံနေရတဲ့သူကို တစ်ယောက်တည်းမထားခဲ့ဘဲ ရအောင် ကယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ပြည်သူတွေက ကြိုးစားပြီးကယ်ခဲ့ကြပေမယ့်လည်း အဲ့ဒီလူငယ်လေးကတော့ အသက်ပေးသွားခဲ့ရပြီဖြစ်ပါတယ်။မိမိရဲ့အသက်အန္တရာယ်ဘေးကင်းဖို့အတွက် ကောက်ရိုးလေးတမျှင်အဖြစ် တတ်နိုင်သလောက်ကာကွယ်ခဲ့ပေမယ့် ကျဆုံးသွားရတဲ့ လူငယ်လေးရဲ့ပုံရိပ်တွေကို ဝမ်းနည်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T