ဆိုင်အပြင်ကနေလှမ်းကြည့်နေတဲ့ ကလေးတွေကို အထဲခေါ်ပြီး ကြက်ကြော်တွေ အလျှံအပယ်ဧည့်ခံကျွေးမွေးခဲ့တဲ့ စေတနာရှင်တစ်ဦး

//s9.kh1.co/c2/c29f22a29be5f75cef3e454d230aa862d2c0903b.jpeg
နေ့စဉ်သတင်းများ

 ၂၄-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဆိုင်အပြင်ကနေလှမ်းကြည့်နေတဲ့ ကလေးတွေကို အထဲခေါ်ပြီး ကြက်ကြော်တွေ အလျှံအပယ်ဧည့်ခံကျွေးမွေးခဲ့တဲ့ စေတနာရှင်တစ်ဦး

မြန်မာပြည်သူ၊ပြည်သားတွေကတော့ လူသားအချင်းချင်း သနားညှာတာတတ်တဲ့ စိတ်ထားအပြည့်ရှိကြလို့ ခက်ခဲနေကြတဲ့သူတွေကို တတ်နိုင်သလောက် ကူညီဖေးမပေးကြတာ ဖြစ်ပါတယ်။အခုလိုကာလမှာ လက်လုပ်လက်စားပြည်သူတွေအတွက် စားဝတ်နေရေးခက်ခဲကြလို့ စေတနာရှင်ပြည်သူတစ်စုက တတ်နိုင်သလောက်လှူဒါန်းကြတာဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပြီး အခက်အခဲတွေကို မျှဝေခံစားပေးနေကြတဲ့ ပြည်သူတွေကတော့ အရမ်းလေးစားစရာကောင်းတဲ့ စိတ်ထားတွေကို ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုလိုကာလမှာ တချို့ကလေးငယ်လေးတွေဆိုရင် မိသားစုရဲ့စားဝတ်နေရေးအတွက် လမ်းပေါ်ထွက်ပြီး စျေးရောင်းနေရတာဖြစ်ပါတယ်။အဲ့လိုစျေးရောင်းနေကြတဲ့ ကလေးတွေကို တွေ့ရင်လည်း ပြည်သူတချို့က အားပေးဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်း အရမ်းနွမ်းပါးတဲ့ကလေးတွေက ဆိုင်အပြင်ကနေ လှမ်းကြည့်နေတာကြောင့် စေတနာရှင်ပြည်သူတစ်ဦးက အထဲကိုခေါ်ယူပြီး ကြက်ကြော်တွေမှာကာ ကျွေးမွေးဧည့်ခံခဲ့တာ ဖြစ်ပါတယ်။အခုလိုမျိုး လူတန်းစားမခွဲခြားဘဲ တန်းတူရည်တူဆက်ဆံခဲ့တဲ့ စေတနာရှင်ပြည်သူတစ်ဦးရဲ့ စိတ်ဓာတ်ကလေးစားစရာကောင်းပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ကလေးတွေကလည်း အရသာရှိလှတဲ့ကြက်ကြော်တွေကို အားရပါးရစားသောက်နေကြပြီး သူတို့ရဲ့မျက်နှာလေးတွေပေါ်မှာ အပျော်ပုံရိပ်လေးတွေကို တွေ့မြင်ရပါတယ်။ဒီလိုမျိုး ကလေးတွေကအားရပါးရစားကြတာမြင်တော့ကုသိုလ်ယူရတဲ့စေတနာရှင်အတွက်လည်း ပီတိဖြစ်စရာကောင်းလှပါတယ်။နွမ်းပါးတဲ့ကလေးလေးတွေကိုစာနာစိတ်အပြည့်နဲ့ သူတို့စားချင်တာလေးတွေကိုဝယ်ကျွေးပြီး သဒ္ဒါတရားထက်သန်တဲ့ စေတနာရှင်ရဲ့အလှူလေးကို သာဓုခေါ်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;<br>
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T