လူထုလှုပ်ရှားမှုများတွင် မပါဝင်ဘဲနဲ့တောင် ကျဆုံးခဲ့ရတဲ့ အပြစ်မဲ့တဲ့ ကလေးငယ်တွေအတွက် ရင်ကွဲမတတ်ခံစားနေရတဲ့ ပန်းရောင်ခြယ်

//s9.kh1.co/1f/1f462c9d7d13899be396e1de8bdfd8da466f4460.jpeg
အနုပညာရှင်များ

 ၂၄-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ပန်းရောင်ခြယ်ကတော့  အသံအေးအေးလေးနဲ့  တေးသီချင်းတွေကို  ကိုယ်တိုင်ဖန်တီးရေးသား  သီဆိုသူတစ်ဦးပဲ  ဖြစ်ပါတယ်။  လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း  ကျရာအခန်းကဏ္ဍကနေ  ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။  သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့်လည်း  မြန်မာနိုင်ငံတွင် ဖြစ်နေတဲ့ ကိစ္စရပ်များကို  ကမ္ဘာမှသိစေရန် speak out လုပ်ပေးနေတာလည်း  ဖြစ်ပါတယ်။ 

Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 

လူထုလှုပ်ရှားမှုတွင်  ပါဝင်ရင်း အသက်ပေးသွားကြတဲ့သူရဲကောင်းတွေအတွက်လည်း  ယူကြုံးမရဝမ်းနည်းနေပြီး  တတ်နိုင်သလောက်  ကူညီလှူဒါန်းနေ တာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း   ပန်းရောင်ခြယ်ရဲ့ Facebook Page တွင်  လူထုလှုပ်ရှားမှုများတွင် မပါဝင်ဘဲနဲ့တောင် ကျဆုံးခဲ့ရတဲ့ အပြစ်မဲ့တဲ့ကလေးငယ်တွေအတွက် ရင်ကွဲမတတ်ခံစားနေရကြောင်းကို  ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 

" ဘာအပြစ်များ 

ထိခိုက်နစ်နာစရာများ 

လုပ်မိလိုက်လို့လဲ

က​လေးငယ်​​လေးတွေပါ

ရက်စက်လိုက်ကြတာ

ဘယ်လိုစိတ်နှလုံးနဲ့ လုပ်ရက်ကြတာလဲ

____ 

အေးချမ်းစွာအနားယူပါ က​လေးတို့

ရင်ကွဲမတတ်ခံစားရ​ပေမယ့်

​က​လေးတို့ လူ့​လောကရဲ့ဒဏ်​တွေကို မခံစားရ​တော့ပဲ

ငြိမ်းချမ်းတဲ့အရပ်မှာ

အမြဲငြိမ်းချမ်းစွာရှိ​​နေမယ်ဆိုတာကိုသိရင်း

ဆု​တောင်း​မေတ္တာပို့​နေမယ် " ဆိုပြီး သူမရဲ့ ခံစားချက်တွေကို  ရေးသားထားတာဖြစ်တာကြောင့်  ပရိသတ်တွေလည်း သိရှိစေရန် ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Pan Yaung Chel’s Facebook Page 

Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T