သွေးနုသားနုကာလမှာ Facebook မသုံးရန် မိခင်ကတားမြစ်ထားပေမယ့် မနေနိုင်တော့လို့ ပြန်သုံးဖို့ဆုံးဖြတ်လိုက်တဲ့ နန်းမြတ်ဖြိုးသင်း

//s9.kh1.co/dc/dc4d98db6eda1c2949cec34182e82a6961db0ff3.jpeg
အနုပညာရှင်များ

 ၂၄-မတ်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  နန်းမြတ်ဖြိုးသင်းကတော့  ဖေဖော်ဝါရီလအစကတည်းက  မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  ပါဝင်ခဲ့သူတစ်ဦးပဲ  ဖြစ်ပါတယ်။  ကိုယ်ဝန်ဆောင်နေစဉ်ကာလဖြစ်တာကြောင့်  အများနည်းတူ  လမ်းပေါ်ထွက်ကာ  ရင်ထဲက  ဆန္ဒအမှန်တွေကို  ထုတ်ဖော်ပြသခွင့်မရပေမယ့်လည်း  လူမှုကွန်ယက်မှတစ်ဆင့်  သတင်းအချက်အလက်တွေကို  ဝေမျှပေးခဲ့သူပဲ  ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာတော့  ချစ်စရာကောင်းတဲ့  သမီးချောလေးကို  အခက်အခဲတွေကြားကနေ  အောင်မြင်စွာနဲ့  မွေးဖွားခဲ့တာပါ။

Photo Crd-Nann Myat Phyo Thinn’s Facebook Account 
Photo Crd-Nann Myat Phyo Thinn’s Facebook Account 
Photo Crd-Nann Myat Phyo Thinn’s Facebook Account 
Photo Crd-Nann Myat Phyo Thinn’s Facebook Account 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  စိတ်ရှုပ်ထွေးစရာတွေများတဲ့ကြားတည်းကနေ  သတိတရနဲ့သတင်းလှမ်းမေးကြသူတွေအား ကျေးဇူးတင်တဲ့အကြောင်းကို ရေးသားဝေမျှထားတာပဲ  ဖြစ်ပါတယ်။ " Facebook ပြန်သုံးပါတော့မယ်

မေမေကတော့သွေးနုသားနုနဲ့၄၅ရက်မသုံးဖို့ပြောပေမယ့်မနေနိုင်တော့လို့ပြန်သုံးပါတော့မယ်

Photo Crd-Nann Myat Phyo Thinn’s Facebook Account 
Photo Crd-Nann Myat Phyo Thinn’s Facebook Account 
Photo Crd-Nann Myat Phyo Thinn’s Facebook Account 
Photo Crd-Nann Myat Phyo Thinn’s Facebook Account 

သမီးလေးလည်း နေကောင်းကျန်းမာပါတယ်

စိတ်ရှုပ်ထွေးစရာတွေကြားထဲကသတိတရသတင်းလှမ်းမေး လက်ဆောင်လေးတွေပို့ပေးတဲ့ချစ်မိတ်ဆွေများကိုကျေးဇူးအများကြီးတင်ပါတယ်

နိုင်ပွဲရပီးအားလုံးပျော်ရတဲ့ချိန်မှပဲpostတင်ပီးကျေးဇူးတင်ရပါဦးမယ်

ခုတော့တိုက်ပွဲကာလဆက်ကြိုးစားကြပါဦးမည်

#အရေးတော်ပုံအောင်ရမည် " ဆိုပြီး ရေးသားလာတာပဲ  ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nann Myat Phyo Thinn’s Facebook Account 

Photo Crd-Nann Myat Phyo Thinn’s Facebook Account 
Photo Crd-Nann Myat Phyo Thinn’s Facebook Account 
Photo Crd-Nann Myat Phyo Thinn’s Facebook Account 
Photo Crd-Nann Myat Phyo Thinn’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T