ပြည်သူတွေနဲ့တစ်သားတည်းရှိလို့ မတ်လ(၂၄)ရက်နေ့မှာ အသံတိတ်အာနာပါနဿတိကို ဆောင်ရွက်ခဲ့ကြတဲ့သံဃာတော်များ

//s9.kh1.co/9d/9d488c6488ca5a82228c9afe0ab37a0b14d2e383.jpeg
နေ့စဉ်သတင်းများ

 ၂၅-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေနဲ့တစ်သားတည်းရှိလို့ မတ်လ(၂၄)ရက်နေ့မှာ အသံတိတ်အာနာပါနဿတိကို ဆောင်ရွက်ခဲ့ကြတဲ့သံဃာတော်များ

ပြည်သူလူထုကတော့ ယနေ့အချိန်ထိတိုင် အင်အားအပြည့်နဲ့ အမှန်တရားအတွက် ရင်ဆိုင်လာခဲ့ကြတာ ရက်ပေါင်း(၅၀)ကျော်သွားပြီ ဖြစ်ပါတယ်။ပြည်သူတွေက လူထုလှုပ်ရှားမှုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ပြုလုပ်ခဲ့ကြကာ (၂၄.၃.၂၀၂၁) မနေ့ကဆိုရင်လည်း Silent Strikeဆိုပြီး လမ်းမပေါ်လုံးဝမထွက်ကြဘဲ အသံတိတ်လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။တစ်ခုခုဆို အရမ်းစည်းလုံးညီညွှတ်ကြတဲ့ ပြည်သူတွေကတော့ မတ်လ(၂၄)ရက်နေ့မှာ Silent Strikeကို တက်ညီလက်ညီနဲ့ အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်ရှိပြုလုပ်နေကြတဲ့ လူထုလှုပ်ရှားမှုတွေမှာဆိုရင် ပြည်သူတွေအပြင် ဘုရားသားတော်တွေကပါတစ်တပ်တစ်အား ပါဝင်အားဖြည့်ပေးကြတာ ဖြစ်ပါတယ်။သံဃာတော်တွေကလည်း  လူထုလှုပ်ရှားမှုတွေမှာနေ့စဉ်ရက်ဆက်ပါဝင်နေကြတာ ဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း ဘုန်းဘုန်းတို့က ပြည်သူတွေနဲ့တစ်သားတည်းရှိအောင်လို့ Silent Strike ကိုဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ပြည်သူတွေနဲ့အတူ ဘုန်းဘုန်းတို့ကပါ တစ်သွေးတည်း၊တစ်သားတည်းရှိတာကြောင့် အရမ်းအားတက်စရာကောင်းပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မတ်လ(၂၄)ရက်နေ့မှာSilent Strikeပြုလုပ်ဖို့အတွက် ဘုန်းဘုန်းတို့က ကျောင်းတိုက်အတွင်းမှာပဲ တညီတညွှတ်တည်း အသံတိတ်အာနာပါနဿတိ ကိုပြုလုပ်နေကြတာဖြစ်ပါတယ်။အရမ်းကြည်ညိုဖွယ်ကောင်းတဲ့ ဘုရားသားတော်တွေကတော့ ပြည်သူတွေရဲ့ဆန္ဒနဲ့ထပ်တူညီပြီး ဒီနေ့အချိန်ထိပြုလုပ်လာကြတဲ့ တချို့လှုပ်ရှားမှုတွေကို ပါဝင်အားဖြည့်ပေးကြတာဖြစ်ပါတယ်။ဝိနည်းတော်နဲ့အညီ အေးအေးချမ်းချမ်းပါဝင်နေကြတဲ့ ဘုန်းဘုန်းတို့ရဲ့ ကြည်ညိုဖွယ်ရာပုံရိပ်တွေကို ပြည်သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T