ရဲအရာရှိအပါအဝင် လူ(၃၀)နီးပါး မော်တော်ဆိုင်ကယ် ဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသွားတယ်လို့ New York Times မှာဖော်ပြထားပါတယ်။ 

အဆိုပါဖြစ်စဉ်က ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးဟင်းသီးဟင်းရွက် စျေးအနီး လူစည်ကားရာ ဖယ်ရိုဇီပူရာလမ်းရှိ မော်တော်ဆိုင်ကယ်တစ်လုံးမှာ တပ်ဆင်ထားတဲ့ ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

တာလီဘန်သူပုန်တွေရဲ့လက်ချက်ဖြစ်တဲ့ ဗုံးပေါက်ကွဲဖြစ်စဉ်အတွင်းလူ(၅၀)ကျော် ဒဏ်ရာရရှိခဲ့သလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ လမ်းမပေါ် တရားမဝင် စျေးရောင်းချနေတဲ့ စျေးသည်တွေကို ရှင်းလင်းဖို့ ရဲတပ်ဖွဲ့ဝင် အများအပြားရောက်ရှိနေချိန် ဖြစ်ပါတယ်။

Aung 

သတင်းအရင်းမြစ် New York Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။