ကျည်မှန်သွားတဲ့ (၇) နှစ်သမီးလေးကို အသက်မှီဦးမလားဆိုပြီး ဖခင်ဖြစ်သူကိုယ်တိုင် ဆေးကုသဖို့လာပို့ပေးခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု

//s9.kh1.co/83/8302a95f15c0286fe9b2eb35153614d092298cae.jpg
နေ့စဉ်သတင်းများ

 ၂၅-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကျည်မှန်သွားတဲ့ (၇) နှစ်သမီးလေးကို အသက်မှီဦးမလားဆိုပြီး ဖခင်ဖြစ်သူကိုယ်တိုင် ဆေးကုသဖို့လာပို့ပေးခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု

လူထုလှုပ်ရှားမှုတွေ စတင်ပြုလုပ်ခဲ့တဲ့ အချိန်ကစပြီး မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ ပြည်သူတွေ တော်တော်များများက တက်တက်ကြွကြွ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေအတွက် အားလုံးကထပ်တူထပ်မျှ စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကလည်း ပြည်သူတစ်ယောက်က သူကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီဖြစ်ရပ်ကတော့ အိမ်ပေါ်မှာနေရင်းနဲ့ပဲ ကျည်ထိမှန်ပြီး ဆုံးပါးသွားခဲ့ရတဲ့ မန္တလေးမြို့က သမီးလေးတစ်ယောက်ရဲ့အကြောင်းပဲ ဖြစ်ပါတယ် ။ သမီးလေးရဲ့နာမည်က ခင်မျိုးချစ်ဖြစ်ပြီး အသက် (၇) အရွယ်လေးနဲ့ပဲ ကြွေလွင့်သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဖခင်ဖြစ်သူက အိမ်ပေါ်မှာရှိတဲ့ သမီးလေးခင်မျိုးချစ်ကို အိမ်ထဲဝင်ခိုင်းတဲ့အချိန်မှာပဲ ကျည်ထိမှန်ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ဖခင်ဖြစ်သူက အရေးပေါ်ကားခေါ်ပြီး သမီးလေးကို အသက်ကယ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူ့သမီးလေးအသက်မှီမလားဆိုတဲ့ အကြည့်နဲ့ စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ရတဲ့ ဖခင်တစ်ယောက်ရဲ့ရင်ထဲမှာတော့ တကယ့်ကိုပူလောင်နေခဲ့မှာ အမှန်ပဲ ဖြစ်ပါတယ် ။ ဆရာဝန်တွေအနေနဲ့ကလည်း သမီးလေးခင်မျိူးချစ်ကို အသက်ကယ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အသက်မမှီလိုက်နိုင်တာပဲ ဖြစ်ပါတယ် ။ ဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့ရတဲ့သူတစ်ယောက် ရေးသားထားတဲ့စာကိုဖတ်ပြီး ပြည်သူတွေကလည်း အရမ်းကို စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ သမီးလေးခင်မျိုးချစ်လည်း ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T