တစ်လမ်းဝင်တစ်လမ်းထွက်ပြီး ပြည်သူတွေကို ဒူးထောက်ကာ တောင်းဆိုခဲ့တဲ့ လူငယ်တွေရဲ့လေးစားစရာကောင်းတဲ့လုပ်ရပ်တစ်ခု

//s9.kh1.co/b0/b00e01ddccc5a1c77f3503c217035b43e5267689.jpg
နေ့စဉ်သတင်းများ

 ၂၅-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တစ်လမ်းဝင်တစ်လမ်းထွက်ပြီး ပြည်သူတွေကို ဒူးထောက်ကာ တောင်းဆိုခဲ့တဲ့ လူငယ်တွေရဲ့လေးစားစရာကောင်းတဲ့ လုပ်ရပ်တစ်ခု

လူငယ်တွေကတော့ ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာ ယနေ့အချိန်အထိတိုင်အောင် ဇွဲမလျှော့ဘဲ အားကြိုးမာန်တက် ပါဝင်နေဆဲ ဖြစ်ပါတယ် ။ လူငယ်တွေက ဆန္ဒဖော်ထုတ်ရင်းနဲ့ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုရရှိအောင် ကြိုးစားခဲ့ကြသလို ပြည်သူတွေကိုလည်း ရှေ့ဆုံးကနေ ကာကွယ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း လူငယ်တွေက တကယ့်ကို လေးစားချင်စရာကောင်းတဲ့ အပြုအမူတစ်ခုကို လုပ်ပြခဲ့ကြတာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

ပြီးခဲ့တဲ့ရက်ပိုင်းက မရမ်းကုန်းရပ်ကွက်အတွင်းမှာ လူငယ်တွေဦးဆောင်ပြီး တစ်လမ်းဝင်တစ်လမ်းထွက်ကာ ပြည်သူတွေကို တောင်းဆိုမှုပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ လူငယ်တွေက "လူထုလှုပ်ရှားမှုမှာ အားလုံးပါဝင်ပေးဖို့၊ ညတိုင်း သံပုံးတီးပေးဖို့၊ တညီတညွတ်တည်း လှုပ်ရှားပေးဖို့၊ လူငယ်တွေကို နွေးထွေးစွာ ဖေးမပေးဖို့၊တတ်နိုင်တဲ့နေရာက ကူညီပေးဖို့နဲ့ မှားရင်ဆူပါ ဆဲပါ လမ်းပြပေးပါ"ဆိုပြီး လူကြီးတွေကို ဒူးထောက်ကာ တောင်းဆိုခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Layeik Lay's FB Acc
Photo Credit-Layeik Lay's FB Acc
Photo Credit-Layeik Lay's FB Acc
Photo Credit-Layeik Lay's FB Acc

လမ်းတိုင်းလမ်းတိုင်းမှာ (၁၀) မိနစ်ကြာအောင် ဒူးထောက်ရင်းနဲ့ မျက်ရည်ကျနေကြတဲ့ လူငယ်တွေရဲ့လုပ်ရပ်ကို လူကြီးတွေလည်း မကြည့်ရက်တော့ဘဲ ဖေးမကူညီလာကြတာ ဖြစ်ပါတယ် ။ ငြိမ်ကျသွားတဲ့ လူတိုင်းနီးပါးက လူငယ်တွေနဲ့အတူ ပြန်လည်ပူးပေါင်းပါဝင်လာကြပြီး အစားအသောက်၊ရေ၊တစ်သျှူးကအစ လိုလေသေးမရှိ ကျွေးမွေးခဲ့ကြတာ ဖြစ်ပါတယ် ။ အိုင်ဒီယာအသစ်တွေကို အမြဲတမ်းစဥ်းစားတွေးခေါ်ပြီး အကောင်အထည်ဖော်တတ်တဲ့ လူငယ်တွေကတော့ တကယ့်ကို ချီးကျူးစရာကောင်းလှတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Layeik Lay's FB Acc

Photo Credit-Layeik Lay's FB Acc
Photo Credit-Layeik Lay's FB Acc
Photo Credit-Layeik Lay's FB Acc
Photo Credit-Layeik Lay's FB Acc
Photo Credit-Layeik Lay's FB Acc
Photo Credit-Layeik Lay's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T