လှိုင်သာယာက အခက်အခဲကျရောက်နေတဲ့ ပြည်သူတွေအတွက် ဆန် ၊ ဆီ ၊ ကြက်သွန်နဲ့ အာလူးအချို့ကို လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ သုသု

//s9.kh1.co/c3/c34a9bb2265056033c5f17a4ac8640dec49dee68.jpg
အနုပညာရှင်များ

 ၂၅-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်ဖန်တီးရှင် ညီညီမောင် စမ်းချောင်း (သုသု)ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေမှာ အမှန်တရားဘက်ကနေ ရပ်တည်နေခဲ့တဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ သုသုက လူထုလှုပ်ရှားမှုကြီးမှာလည်း သူမကိုယ်တိုင် တက်ကြွစွာ ပါဝင်ခဲ့သလို လိုအပ်နေတဲ့ နေရာတွေမှာလည်း အလှူပြုနေတာကို တွေ့ရပါတယ် ။ 

Photo Credit - Nyi Nyi Maung (SanChaung)'s FB page
Photo Credit - Nyi Nyi Maung (SanChaung)'s FB page
Photo Credit - Nyi Nyi Maung (SanChaung)'s FB page
Photo Credit - Nyi Nyi Maung (SanChaung)'s FB page

ဒီကနေ့ မတ်လ ၂၅ရက်နေ့မှာလည်း သုသုက သူမတတ်နိုင်တဲ့ ဘက်ကနေ အလှူတစ်ခုကို ပြုလုပ်လိုက်ပြန်ပါပြီ။ ဒါကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အနေအထိုင် အစားအသောက်တွေ ခက်ခဲနေကျတဲ့ လှိုင်သာယာမြို့က ပြည်သူတစ်ချို့အတွက် သုသုက လှူဒါန်းဖို့ပဲ ဖြစ်ပါတယ်။ အမှန်တကယ်လိုအပ်နေတဲ့ လှိုင်သာယာက ပြည်သူတွေကို လှူဒါန်းဖို့အတွက် သုသုက ဆန် ၊ ဆီ ၊ ကြက်သွန်နဲ့ အာလူးကို ကိုယ်တိုင်ထုပ်ပိုး ပြင်ဆင်နေခဲ့ပါတယ်။

Photo Credit - Nyi Nyi Maung (SanChaung)'s FB page
Photo Credit - Nyi Nyi Maung (SanChaung)'s FB page
Photo Credit - Nyi Nyi Maung (SanChaung)'s FB page
Photo Credit - Nyi Nyi Maung (SanChaung)'s FB page

စေတနာ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းဖို့အတွက် ပြင်ဆင်နေတဲ့ သုသုရဲ့ ပုံတွေအပြင် " တမူးရလို တပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား ဒီ အချိန်မှာတော့ ကိုယ်ရှိတဲ့ မျိုးစေ့ထဲက တတ်နိုင်တာလေး ပြန်လှူ ဖြစ်တာပါ ဆန်၊ဆီ၊ကြက်သွန်၊အာလူး လှိုင်သာယာ မှာလှူဖို့ပါ " ဆိုတဲ့ စာသားကိုလည်း သူမရဲ့ Facebook Pageထက်မှာ ရေးသားဝေမျှခဲ့ပါသေးတယ်။ တတ်နိုင်တာလေးနဲ့ အလှူတစ်ခုဖြစ်အောင် ဦးဆောင်ကာ လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ သုသုရဲ့ ပုံတွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ 

Photo Credit - Nyi Nyi Maung (SanChaung)'s FB page
Photo Credit - Nyi Nyi Maung (SanChaung)'s FB page
Photo Credit - Nyi Nyi Maung (SanChaung)'s FB page
Photo Credit - Nyi Nyi Maung (SanChaung)'s FB page

သတင်း အရင်းအမြစ်Source & Photo Credit - Nyi Nyi Maung (SanChaung)'s FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T