စင်္ကြာတွေချိတ်တာနဲ့ပတ်သက်ပြီး နားလည်မှုလွဲနေကြတဲ့ ပြည်သူတွေကိုသေသေချာချာ ရှင်းလင်းပြောပြလာတဲ့ ဖြိုးမြတ်အောင်

//s9.kh1.co/26/26c04f1a83e71ec526cbedb7f007cda85edf05f0.jpg
အနုပညာရှင်များ

 ၂၅-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေမှာ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ဖြိုးမြတ်အောင်ကလည်း တစ်ယောက်အပါအဝင်ပါ။ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုကြီးမှာ တက်ကြွစွာ ပါဝင်နေတဲ့ ဖြိုးမြတ်အောင်က လိုအပ်တဲ့နေရာတွေမှာလည်း သူရဲ့ ချွေးနည်းစာထဲကနေ အလှူပြုလေ့ရှိတာကို တွေ့ရပါတယ်။

Photo credit - Phyo Myat Aung's FB account
Photo credit - Phyo Myat Aung's FB account

ဒါ့အပြင်လည်း အားပေးသူ Follower များတဲ့ သူရဲ့ Facebook Account ထက်မှာလည်း လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ postတွေကို အများပြည်သူသိရအောင် ဝေမျှလေ့ရှိတာပါ။ ဒီကနေ့မှာတော့ ဖြိုးမြတ်အောင်က သူရဲ့ အိမ်ရှေ့မှာ စင်္ကြာလေးတွေချိတ်တာနဲ့ ပတ်သတ်ပြီး အထင်အမြင်လွဲနေတဲ့ လူတစ်ချို့ကို ပြန်လည်ရှင်းပြလာခဲ့ပါတယ်။ 

Photo credit - Phyo Myat Aung's FB account
Photo credit - Phyo Myat Aung's FB account
Photo credit - Phyo Myat Aung's FB account
Photo credit - Phyo Myat Aung's FB account

ဒါကတော့ ဖြိုးမြတ်အောင်က လွန်ခဲ့တဲ့ ၂နှစ်ကတည်းက သူရဲ့ အိမ်ရှေ့မှာ စင်္ကြာချိတ်ခဲ့တာဖြစ်ပြီး အပြင်သွားရင် အန္တရယ်ကင်းအောင် စင်္ကြာပန်းဆောင်လေ့ရှိတာကိုလည်း ပြောပြလာခဲ့ပါတယ်။ အခုလို အခြေအနေမျိုးမှာ သေချာမစုံစမ်းပဲ ထင်မြင်ရာပြောနေကြတဲ့ လူတစ်ချို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့ ဖြိုးမြတ်အောင်က " စင်္ကြာချိတ်ထား တိုင်း ဒလန်မဟုတ်ဘူး ဆိုတာပြောချင်တာပါ သေချာ တိတိကျကျ စုံစမ်းပြီးမှ အဖြေ ထုတ်ကြပါ ခင်ဗျာ အရေး တော်ပုံအောင်ရမည် " ဆိုပြီး သူရဲ့ ဖြေရှင်းချက်အဆုံးမှာ ရေးသားဝေမျှလာတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Phyo Myat Aung's FB account
Photo credit - Phyo Myat Aung's FB account
Photo credit - Phyo Myat Aung's FB account
Photo credit - Phyo Myat Aung's FB account

သတင်း အရင်းအမြစ်Source & Photo credit - Phyo Myat Aung's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T