လှိုင်သာယာကပြည်သူတွေအတွက် စားသောက်ကုန်တွေလှူဒါန်းမယ့် သူ့ရဲ့အစီအစဉ်လေးမှာပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်တဲ့ နေဒွေး

//s9.kh1.co/80/804eee6273ac28425cf9f119f58ac5c7dc83f105.jpg
အနုပညာရှင်များ

 ၂၅-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသားနေဒွေးကတော့ ဇာတ်ကားတွေများစွာရိုက်ကူးထားကာ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့အောင်မြင်စွာရပ်နေသလို စီးပွားရေးလုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ်ကြိုးစားလုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်..။

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း လှူဒါန်းမှုတွေပြုလုပ်ပြီး တတ်နိုင်သလောက် ပြည်သူတွေနဲ့ ရပ်တည်ဖြတ်သန်းနေတဲ့ နေဒွေးကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက မကြာခဏ လှူဒါန်းမှုတွေ ပြုလုပ်နေသူပါပဲ..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

အလှူတွေဆက်တိုက်ပြုလုပ်နေတဲ့ နေဒွေးကတော့ ဒီကနေ့မှာလည်း လှိုင်သာယာကပြည်သူတွေအတွက် စားသောက်ကုန်တွေလှူဒါန်းမယ့် သူ့ရဲ့အစီအစဉ်လေးမှာပါဝင်ကြဖို့ စေတနာရှင် အလှူရှင်တွေကို ဖိတ်ခေါ်လိုက်ပါတယ်..။

မတ်လ(၂၆)ရက်နေ့မှာ လှိုင်သာယာက စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက် ဆန်တွေဆီတွေအပြင် အခြားစားသောက်ကုန်တွေကို သွားရောက်လှူဒါန်းမှာဖြစ်ပြီး အလှူမှာပါဝင်နိုင်တဲ့အကြောင်းကိုလည်း အသိပေးဖိတ်ခေါ်ထားပါ..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

"မနက်ဖန် မနက်မှာ လှိုင်သာယာမြို့နယ်ထဲမှာရှိသော စားဝတ်နေရေးခက်ခဲနေသောပြည်သူများအတွက် ဆန်, ဆီ , ခေါက်ဆွဲခြောက် , ငါးခြောက် , ကြက်ဥ စားသောက်ကုန်များသွားရောက်လှုဒါန်းပါမည်ခင်ဗျ?????? မည်သူမဆို ပါဝင်ပူးပေါင်းလိုက်ပါလှုဒါန်းနိုင်ပါသည်ခင်ဗျ❤️?.." ဆိုပြီး နေဒွေးက အသိပေးပြောပြထားတာပါ..။

ပြည်သူတွေအတွက် ကျရာတာဝန်ကိုတတ်နိုင်တဲ့ဘက်ကနေ ထမ်းဆောင်နေကြတဲ့ အခြားသောအနုပညာရှင်တွေနဲ့အတူ တတ်နိုင်သလောက်လှူဒါန်းမှုတွေပြုလုပ်နေတဲ့ နေဒွေးရဲ့အလှူမှာလည်း ပရိသတ်တွေက ပါဝင်နေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

သတင်း အရင်းအမြစ်Nay Dway's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T