ဖုန်းကနေတစ်ဆင့် လိမ်လည်ငွေတောင်းနေတဲ့ဂိုဏ်းတစ်ဂိုဏ်းကို ဖမ်းဆီးလိုက်တယ်လိုက်ကြောင်း channelnewsasia မှာဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအတွင်း၊တရုတ်နို်င်ငံသား(၁၉)ဦးနဲ့တရုတ်တိုင်ပေနိုင်ငံသား(၂၅)ဦးပါဝင်တဲ့ဂိုဏ်းကိုဘန်ကောက်မြို့တော်နဲ့ပတ္တယားအပန်းဖြေမြို့တွေက နေအိမ်တွေကို ဝင်ရောက်ရှာဖွေရာကနေ ဖော်ထုတတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါအိမ်တွေကိုဝင်ရောက်စီးနင်းရာမှာ အသံလုံအခန်းတွေကိုတွေ့ရှိခဲ့ကြောင်းနဲ့ အသံလုံအခန်းတွေဟာ ဖုန်းဆက်ပြီးလိမ်လည်ရာမှာ တစ်ဖက်လူ ယုံကြည်စေအောင် စီစဉ်ပြုလုပ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။ ဖုန်းကနေတစ်ဆင့် လူပေါင်း (၁၀၀)ကျော်ကို လိမ်လည်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၃)သိန်းလောက် ကိုလိမ်လည်ရယူခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတစ်ဦးက ဆိုပါတယ်။
Aung
သတင်းအရင်းမြစ် channelnewsasia
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။