ကျဆုံးသူရဲကောင်းတွေက သူတို့လည်းတော်လှန်ရေးလုပ်နေတယ်ဆိုပြီး အိပ်မက်ပေးလို့ ညဘက်တွေမှာထမင်းဘူးတွေချထားပေးကြတဲ့ ပြည်သူတချို့

//s9.kh1.co/8d/8d43dae1a902bee3e51ebddd55230a276ca9bc3b.jpeg
နေ့စဉ်သတင်းများ

 ၂၆-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသူရဲကောင်းတွေက သူတို့လည်းတော်လှန်ရေးလုပ်နေတယ်ဆိုပြီး အိပ်မက်ပေးလို့ ညဘက်တွေမှာထမင်းဘူးတွေချထားပေးကြတဲ့ ပြည်သူတချို့

လက်ရှိမှာဆိုရင် လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း အသက်ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်းတွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုဝင်တွေကို ပြည်သူလူထုက မမေ့မလျော့ဘဲ တတ်နိုင်သလောက် စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။လမ်းပေါ်ထွက်ရင် အသက်ဆုံးရှုံးရမယ်ဆိုတာသိပေမယ့်လည်း ပြည်သူတွေကတော့ ဒီနေ့အချိန်ထိတိုင် လှုပ်ရှားနေကြဆဲဖြစ်ပြီး ကျဆုံးသွားတဲ့သူရဲကောင်းတွေအသက်ပေးရတာနဲ့တန်အောင် အားမလျော့ကြသေးတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

မြို့နယ်အသီးသီးမှာရှိတဲ့ပြည်သူတွေကတော့ သူရဲကောင်းတွေကျဆုံးသွားတဲ့ နေရာတွေမှာ ဖယောင်းတိုင်တွေထွန်းပေးပြီး ပန်းတွေနဲ့သေချာပြင်ဆင်ပေးထားကြတာဖြစ်ပါတယ်။ပြည်သူလူထုက သူရဲကောင်းတွေကျဆုံးခဲ့တဲ့နေရာလေးကို အမြဲသွားရောက်ပြီး မိသားစုတွေနဲ့ထပ်တူ နှမျောတသနဲ့ ဝမ်းနည်းကြေကွဲနေကြတာ ဖြစ်ပါတယ်။အခုဆိုရင်တော့ ကျဆုံးသူရဲကောင်းတွေက သုံးရက်ဆက်တိုက် အိပ်မက်ပေးတဲ့အကြောင်းလေးကို ပြည်သူတစ်ဦးက မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

“ကျဆုံးသူရဲကောင်းတွေက သူတို့လည်းတော်လှန်ရေးလုပ်နေတယ် ထမင်းဘူးလာမပေးကြဘူး”လို့ အိပ်မက်ပေးတာကြောင့် တချို့ပြည်သူတွေက လမ်းဆုံလေးတွေမှာ ထမင်းဘူးတွေချပေးထားကြတာဖြစ်ပါတယ်။အမှန်တရားအတွက်ရင်ဆိုင်ရင်း အသက်ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်းတွေကတော့ အခုချိန်ထိလည်း ပြည်သူတွေကိုကူညီနေသေးတာဖြစ်ပါတယ်။ဒါ့ကြောင့် ကျဆုံးသူရဲကောင်းတွေအတွက် ထမင်းဘူးချပေးထားတဲ့ တောင်ကြီးလမ်းဆုံတစ်နေရာကပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T