အပုပ်နံ့တွေ ပြန့်နှံနေတဲ့ ရေယာဉ်နစ်မြုပ်ရာမှ အလောင်းတွေဆယ်ပေးသော ရေငုပ်သမားကြီး ၃ဦးနှင့် ကူညီသူများအား ဂုဏ်ပြုချီးမြှောက်သင့်

အပုပ်န့ံတွေပြန်နှံ့နေသော ရေယာဉ်နစ်မြုပ်သည့်ပတ်ဝန်းကျင်က ချင်းတွင်းရေကို အန်တုကာ မိမိလုပ်ငန်းတွေက်ုပစ် မိမိအသက်ကိုစတေး ဘာခေတ်မှီရေငုပ်ပစ္စည်းကိရိယာမှ အထောက်အပ့ံမပါ လူ လူချင်းစာနားထောက်ထားမှုအပြည့်ဖြင့် စွမ်းစွမ်းတမံ ၃ရက်လုံးလုံး နစ်မြုပ်ရေယာဉ်နှင့်Dead Bodyများအား ဆယ်ယူပေးခဲ့သူရေငုတ်သမားကြီး၃ဦးနှင့်ဝိုင်းဝန်းကူညီသူများအား အတိုင်းအတာမရှိ လေးစားဂုဏ်ယူချီးကျူးအပ်ပါသည်။အစိုးရအနေဖြင့်လည်း တန်ဖိုးထားဂုဏ်ပြုချီးမြှောက်သင့်ပေသည်။

ရေငုပ်ပေးခဲ့တဲ့ လူတွေကတော့ ဦးရွှေဘ(အိုင်တောင်) ဦါ်ညိုအေး (မင်းအိုရွာ) ကိုဖိုအေး (အိုင်တောင်) ကျေးရွာနေထိုင်တဲ့ သူတွေ ဖြစ်ပါတယ်။

ရေငုတ်အဖွဲ့ခေါင်းဆောင် ဦးရွှေဘဆိုရင်လည်း အိုင်တောင်ကျေးရွာရဲ့ ရပ်မိရပ်ဖဖြစ်ပြီး “ရွှေ” သံပန်း သံဂဟေ စတီးပန်းလုပ်ငန်းပိုင်ရှင်ဖြစ်ပါတယ်။ ရေငုပ်လုပ်ငန်းမှ အနားယူနေတာ ၃နှစ်ကြာခဲ့ပါပြီ။ အကူအညီတောင်းလို့ လိုက်ပါဆောင်ရွက်ပေးသူများ ဖြစ်ကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။