အသစ်ထွက်ရှိလာတော့မယ့် မိုက်ခရိုဆော့ဖ်ရဲ့ ဝင်းဒိုး OS တွေမှာ Paint လို့ခေါ်တဲ့ ဂရပ်ဖစ် အက်ပလီကေးရှင်း ပါဝင်လာတော့မှာ မဟုတ်ဘူးလို့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ကြေညာလိုက်ကြောင်း channelnewsasia မှာဖော်ပြထားပါတယ်။ 

သတင်းဖော်ပြထားချက်အရ နောက်ပိုင်းထပ်မံထွက်ရှိလာမယ့် Windows 10 Fall Creators Update ကစပြီး Paint ကို ဖယ်ရှားလိုက်တော့မှာပါ။ မိုက်ခရိုဆော့ဖ်ဟာ Paint ကို (၁၉၈၅) ခုနှစ် နိုဝင်ဘာလကတည်းက Windows 1.0 မှာ စတင်ထည့်သွင်းခဲ့တာကြောင့် အခုဆိုရင် နှစ်ပေါင်း (၃၀) ကျော်သက်တမ်းရှိပါတယ်။ 

စက်တင်ဘာမှာထွက်ရှိလာမယ့်ဝင်းဒိုး Update အသစ်မှာ Outlook Express ၊ Reader app နဲ့ Reading list တွေကိုလည်း ဖယ်ရှားသွားတော့မယ်လို့ ဆိုပါတယ်။

Aung 

သတင်းအရင်းမြစ် channelnewsasia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။