ပရိသတ်ကြီးရေ.. ဇာတ်ကားတော်တော်များများ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်မာရရှိထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ဒါရိုက်တာ မင်းညီကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
မင်းညီကတော့ အခြေအနေအမျိုးမျိုးကြောင့် ကြပ်တည်းခက်ခဲနေကြတဲ့ အခုလိုအချိန်တွေမှာ မိတ်ဆွေကောင်းပီသစွာနဲ့ စားသောက်ကုန်နဲ့ ငွေကြေးအချို့ကို ဖေးမကူညီခဲ့တဲ့ သရုပ်ဆောင်နေဆန်းတို့ ဇနီးမောင်နှံအကြောင်း ပြောပြလာပါတယ်..။
(၁၄)ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဆန်နဲ့ ငွေကြေးကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာ မိသားစုအတွက်များစွာ အထောက်အပံ့ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း မင်းညီက ပြောပြထားတာ ဖြစ်ပါတယ်..။
နှစ်ပတ်လည်နေ့လေးမှာ မိတ်ဆွေကောင်းပီသစွာနဲ့ ထိထိရောက်ရောက် ကုသိုလ်ယူခဲ့ကြတဲ့ နေဆန်းတို့ဇနီးမောင်နှံရဲ့အလှူကို ဝမ်းသာအားရသာဓုခေါ်သလို ဆုတောင်းစကားတွေလည်း ပြောပေးထားတာ တွေ့ရပါတယ်..။
"အခုလို ကြပ်တည်းနေတဲ့ကာလမှာ မနက်စောစော အိမ်တိုင်ယာရောက် (14)နှစ်မြောက်မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ် အနေဖြင့် ကိုနေဆန်းနဲ့မချောစုမိသားစုတို့ရဲ့ ဆန်တအိတ် ငွေကျပ်တသိန်း ကူညီထောက်ပံ့ လှုဒါန်းမှုက ကျတော်တို့မိသားစုအတွက် အတော်လေးကို အထောက်အပံ့ဖြစ်စေပါတယ်ခင်ဗျာ...
စားသောက်ပျော်ပါးပြီး ကုန်ကျသွားမယ့်အစား လက်တွေ့ကျကျ အကျိုးရှိရှိ မိတ်ဆွေတွေကို ထိထိရောက်ရောက် လှုဒါန်းမှု စိတ်ကူးလေးကိုလဲ သဘောကျ အတုယူ အားကျမိပါတယ်...
နောင်လဲခုထက်ပိုမိုသာလွန်ကောင်းမွန်မြင့်မြတ်တဲ့ ကုသိုလ်တရားများ ဆက်လက်ပြုလုပ်နိူင်ပါစေ....
ယနေ့ ပြုလုပ်ရသောကုသိုလ် အဖို့ဘာဂကြောင့် ...
ကိုနေဆန်း + မချောစု မိသားစုများအားလုံး အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာ ကြီးခြင်း ခွန်အားကြီး ခြင်း ဉာဏ်ပညာကြီးခြင်း ဘုန်းတံခိုးအာနုဘော်ကြီးခြင်းတည်းဟူသော အကျိုးကိုလက်ငင်းရ၍...
ဒီဘဝ ဒီခန္ဓာ မှာပင် နိဗ္ဗာန်သို့မျက်မှောက်ပြုရာ မဂ်တရား ဖိုလ်တရားများ တရားထူးတရားမြတ်များရရှိ စံစားနိုင်ပါစေ...
ယနေ့ပြုသမျှ ကုသိုလ်အားလုံး...သံသရာအတွက် အထောက်အပံ့ ဖြစ်ပါစေ...လို့..
လေးလေးနက်နက်...တိုင်တည် ဆုတောင်းပေးလိုက်ပါတယ်...
အလှုရှင်မိသားစုမှပို့သသော မေတ္တာများကိုလည်း ခံယူပါတယ်..
ထပ်တူ ရ ရ ပါလို၏....
သာဓု သာဓု သာဓု....
မင်းညီ (ရင်နှင့်ရင်းသည်)
26.3.2021.." ဆိုပြီး မင်းညီက ဆုတောင်းစကားလေးနဲ့အတူ ကျေးဇူးတင်ကြောင်း ရေးသားပြောပြထားတာပါ..။
သတင်း အရင်းအမြစ်៖ Min Nyi's Fb Acc