ဖေဖော်ဝါရီလ(၂၈)ရက်နေ့က လှည်းတန်းလမ်းမပေါ်မှာ အသက်ပေးသွားခဲ့ရတဲ့ မောင်ညီညီအောင်ထက်နိုင်ကတော့ အသက်(၂၃)နှစ်အရွယ်ပဲရှိသေးတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ညီညီအောင်ထက်နိုင်ရဲ့မိခင်ဆိုရင်အညွှန့်တလူလူတက်နေတဲ့ သားငယ်လေးကို ဆုံးရှုံးလိုက်ရလို့ ရင်ကျိုးမတက်ဝမ်းနည်းနေရပြီး အမွှာအစ်ကိုကလည်း အရမ်းငိုခဲ့ရတာဖြစ်ပါတယ်။ညီညီက ပညာတတ်လူငယ်လေးဖြစ်ပြီး အစ်ကိုဖြစ်သူနဲ့အတူ မိဘကိုလုပ်ကျွေးပြုစုနေတဲ့သားလိမ္မာလေးဖြစ်ပါတယ်။
ဒီလိုမျိုး မိဘအားကိုးရတဲ့သားလေးက စောစီးစွာကြွေလွင့်သွားခဲ့ရတာကြောင့် မိသားစုတွေအနေနဲ့လည်းနေ့စဉ်ရက်ဆက် လွမ်းဆွတ်နေကြရတာ ဖြစ်ပါတယ်။ဒီနေ့အချိန်ထိတောင် ပြည်သူတွေက ညီညီအောင်ထက်နိုင်အသက်ပေးသွားခဲ့ရတာကို မမေ့မလျော့သေးဘဲ သူကျဆုံးသွားတဲ့နေရာလေးမှာ ပန်းတွေထားပေးနေကြဆဲဖြစ်ပါတယ်။မတ်လ(၃)ရက်နေ့ကဆိုရင် သူရဲကောင်းညီညီအတွက်လည်း UNက ဆုတံဆိပ်တစ်ခုကို ချီးမြှင့်ခဲ့သေးတာဖြစ်ပါတယ်။
ဒီနေ့မနက်(၈)နာရီခွဲမှာဆိုရင်တော့ USသံရုံးရဲ့တာဝန်ရှိသူတွေက ညီညီအောင်ထက်နိုင်ကျဆုံးခဲ့တဲ့ နေရာကိုလာပြီးဂုဏ်ပြုပန်းခွေချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ဂုဏ်ပြုပန်းခွေမှာဆိုရင်”In honor of those who have lost their lives.since the February 1 Coup.May we all remember their courage and dedication to a better future for Myanmar.(ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းချိန်မှစပြီး အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဂုဏ်ပြုသည်။မြန်မာနိုင်ငံရဲ့ပိုမိုကောင်းမွန်သောအနာဂတ်အတွက် သူတို့ရဲ့အပ်နှံမှုနဲ့ရဲစွမ်းသတ္တိကို အောက်မေ့သတိရကြပါစို့”ဆိုပြီး ရေးသားထားတာဖြစ်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder