အခက်အခဲတွေကြားထဲက ခင်ပွန်းဖြစ်သူရေးသားထားတဲ့ မွေးနေ့ဆုတောင်းစကားလေးကြောင့် ကြည်နူးခဲ့ရတဲ့ ကိုပေါက်ရဲ့ဇနီး

//s9.kh1.co/8a/8a192b2f35375d903c0687bb4ff8e05433c494aa.jpeg
အနုပညာရှင်များ

 ၂၆-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဒါရိုက်တာ ကိုပေါက်ကတော့  မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုမှာ  ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပါတယ်။  လက်ရှိမှာတော့  အခြေအနေအရပ်ရပ်ကြောင့်  တိမ်းရှောင်နေရပေမယ့်လည်း  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်တော့ Speak out လုပ်ပေးနေတာလည်း  ဖြစ်ပါတယ်။  မိသားစုနဲ့ တကွဲတပြား နေထိုင်နေရတာကို မြင်ပြီး  ပရိသတ်တွေကလည်း  စိတ်မကောင်းဖြစ်နေကြတာပါ။

Photo Crd-Htet Nini’s Facebook Account 
Photo Crd-Htet Nini’s Facebook Account 
Photo Crd-Htet Nini’s Facebook Account 
Photo Crd-Htet Nini’s Facebook Account 

ဒီနေ့ကတော့  ကိုပေါက်ရဲ့ ချစ်လှစွာသော ဇနီးမွေးနေ့ရက်မြတ်လေးပဲ  ဖြစ်ပါတယ်။  ကိုပေါက်ကတော့  ဇနီးရဲ့မွေးနေ့ကို အခက်အခဲတွေများစွာကြားထဲက အမှတ်တရမွေးနေ့ဆုတောင်းစာလေး ပေးပို့လာခဲ့တာပါ။  ဒါကတော့"အခက်အခဲတွေကြားထဲက မွေးနေ့ဆုတောင်းလေး ပို့ပေးတဲ့

အိုပါးရေ အရမ်းချစ်တယ်နော်"

သည်းရေ

ဒီနေ့ကျရောက်တဲ့

မွေးနေ့မှာ မင်္ဂလာပါလို့တောင် နှုတ်ဆက်ခွင့်မရတဲ့ နိုင်ငံအရေးထဲ 

တို့တွေဝေးနေကြတာ

တစ်လနဲ့ရှစ်ရက်ရှိသွားပြီ။

အမှတ်တရနွေဦးပါပဲ သည်းရေ။

Photo Crd-Htet Nini’s Facebook Account 
Photo Crd-Htet Nini’s Facebook Account 
Photo Crd-Htet Nini’s Facebook Account 
Photo Crd-Htet Nini’s Facebook Account 

တို့ရဲ့ဝေးကွာမှုက ​ နွေဦးမှာအသက်ပေးသွားကြရတဲ့​ တော်လှန်ရေးမိသားစုတွေရဲ့ဘဝနဲ့စာရင်တော့

သေးသေးလေးပါ သည်းရေ။

ရည်းစားဘဝကနေ မနှစ်ကသည်းမွေးနေ့အထိအနားမှာအတူတူရှိခဲ့ပေမယ့်ဒီနှစ်မွေးနေ့မှာ 

အတူတူရှိမနေနိုင်ခဲ့ဘူး။

Sorry ပါ။

ကျန်းမာရေးဂရုစိုက်ပြီး 

သား၂ယောက်အတွက်အားတင်းပေးပါလို့တောင်းဆိုပါတယ်။

(မတောင်းဆိုလည်းရှိနေပြီးသားဆိုတာသိပါတယ်)

အရင်နှစ်ကလို  တခြားဆုတွေအများကြီးတောင်းပေးမယ့်အစား

"အရေးတော်ပုံအောင်ပါစေ''

ဆိုရင် သည်းလိုချင်တဲ့ဆုနဲ့ပြည့်မယ်

လို့ထင်ပါတယ်။

မိုးမကူးခင်ပြန်ဆုံကြမယ်နော်။

အားလုံးကို

ချစ်တယ်။ 

သတိရတယ်။ 

လွမ်းတယ်။

သည်းရဲ့ အိုပါး

အိုပါးစာလေးကို သားသားတို့ကို ဖက်ပြလိုက်တယ်နော်

သားငယ်လေးက မေမေ တဲ့

သားသား ဖေဖေ ပြန်မလာတာကြာပြီနော်တဲ့

?????

အရေးတော်ပုံအောင်ရမည်။ " ဆိုပြီး ရေးသားထားတာပါ။  ကိုပေါက်ရဲ့ ဇနီးကလည်း ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့ဆုတောင်းစာကို ဖတ်ပြီး ကြည်နူးနေတာပါ။ အရေးတော်ပုံကြီး အောင်မြင်ပြီး ခွဲခွာနေရတဲ့ မိသားစုတွေ အမြန်ဆုံးပြန်ဆုံနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Htet Nini’s Facebook Account 

Photo Crd-Htet Nini’s Facebook Account 
Photo Crd-Htet Nini’s Facebook Account 
Photo Crd-Htet Nini’s Facebook Account 
Photo Crd-Htet Nini’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T