သွေးမြေကျမှုတွေနဲ့အသက်ဆုံးရှုံးမှုတွေရှိနေပေမယ့် သွေးမအေးကြတဲ့ Gnen Z တွေကို ချီးကျူးပြီးကျေးဇူးတင်စကားဆိုလိုက်တဲ့ ယွန်းယွန်း

//s9.kh1.co/d8/d869b30891e065e50d175c46cd5830536d1d81c0.jpg
အနုပညာရှင်များ

 ၂၆-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ကလေးသရုပ်ဆောင်အဖြစ် အကယ်ဒမီထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်တဲ့အထိ သရုပ်ဆောင်ပိုင်နိုင်ပီပြင်သလို ယနေ့အချိန်ထိ အောင်မြင်မှုတွေရရှိထားတဲ့ ယွန်းယွန်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါပဲ..။

လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်နေပြီး အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ် အားဖြည့်နေတဲ့ သူမကတော့ ကျဆုံးသွားကြတဲ့ ပြည်သူ့သူရဲကောင်းတွေအတွက်လည်း ယူကြုံမရဝမ်းနည်းခံစားနေရသူလေးလည်း ဖြစ်ပါတယ်..။

Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc

တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေနဲ့ တစ်တပ်တစ်အားပါဝင်အားဖြည့်နေတဲ့ ယွန်းယွန်းကတော့ သွေးမြေကျမှုတွေနဲ့အသက်ဆုံးရှုံးမှုတွေရှိနေပေမယ့် သွေးမအေးကြတဲ့ Gnen Z တွေကို ချီးကျူးပြီး လှိုက်လှိုက်လဲှလှဲနဲ့ ကျေးဇူးတင်စကားဆိုလိုက်ပါတယ်..။

အိမ်တံခါးတွေမှာ နှင်းဆီပန်းတစ်ပွင့်နဲ့ စာလေးတွေ လာထားပေးထားကြတဲ့ Gen Z တွေရဲ့ စိတ်ဓာတ်ပြင်းထန်မှု၊ ဇွဲနဲ့ ကြိုးစားမှုလေးတွေကို အသိအမှတ်ပြုရင်း သွေးမအေးဘဲ အမျိုးမျိုးတော်လှန်နေကြတာလေးတွေကို ကျေးဇူးတင်စကားလေးဆိုထားတာပါ..။

Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc

"Gen Z တွေက အိမ်တံခါးလေးတွေမှာ

နှင်းဆီပန်းတစ်ပွင့်နဲ့အတူ letterလေးပေးတာတဲ့ ??

How touching..

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်

သွေးမအေးတဲ့သူတွေအားလုံးကို တကယ်ကျေးဇူးပါ ?.." ဆိုပြီး စိတ်မကောင်းစွာနဲ့ ကျေးဇူးတင်စကားလေးဆိုထားကြတာပဲ ဖြစ်ပါတယ်..။

ယွန်းယွန်းရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း ယနေ့အချိန် ထိ အရှုံးမပေးဘဲ တိုက်ပွဲဝင်နေကြတဲ့ Gen Z တွေကို ချီးကျူးကာ အားပေးစကားလေးတွေပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc

သတင်း အရင်းအမြစ်Yoon Yoon's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T