အခုချိန်ထိ မြေပြင်က လူတွေနဲ့ အတူရှိနေပြီး အခက်အခဲဖြစ်နေတဲ့ နေရာတွေမှာ လိုအပ်သမျှတွေကို ကူညီပေးနေတဲ့ J Fire

//s9.kh1.co/91/9140090352d7f9deec40056e3dfc18959ffeb322.jpg
အနုပညာရှင်များ

 ၂၆-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် J Fireကတော့ အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်တာကြောင့် ဖေဖော်ဝါရီလ အစမှာ ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့တဲ့ သူတစ်ယောက်ပါ။ လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်ကို ဖော်ထုတ်တဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း ကိုယ်တိုင်ပါဝင်အားဖြည့်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့အပါအဝင် ရက်ပေါင်း ၅၄ရက်ကြာ ရှိခဲ့ပြီဖြစ်တဲ့ အခြေအနေတွေမှာတော့ J Fireက သွေးအေးမသွားပဲ ဆက်လက်ရပ်တည်နေတာကို တွေ့ရပါတယ်။ 

Photo credit - J Fire's Facebook Page
Photo credit - J Fire's Facebook Page
Photo credit - J Fire's Facebook Page
Photo credit - J Fire's Facebook Page

J Fireက ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေသလို လူထုလှုပ်ရှားမှုကြောင့် အသက်ပေးကာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေအတွက်လည်း ငွေကြေးအင်အားနဲ့ ကူညီထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အစားအသောက်တွေ ခက်ခဲနေကြတဲ့ အခြေခံလူတန်းစား ပြည်သူအချို့အတွက်လည်း လိုအပ်တာတွေကို လှူဒါန်းတာဖြစ်ပါတယ်။

Photo credit - J Fire's Facebook Page
Photo credit - J Fire's Facebook Page
Photo credit - J Fire's Facebook Page
Photo credit - J Fire's Facebook Page

အခုလို လှူဒါန်းပြီး လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်နေခဲ့တဲ့ J Fireက သူရဲ့ Facebook စာမျက်နှာထက်မှာ " ကျွန်တော်မြေပြင်က လူတွေနဲ့ အခုချိန်အထိ အတူရှိနေပြီး အခက်အခဲဖြစ်နေပြီး လိုအပ်တဲ့နေရာမှန်သမျှမှာ ကူညီပေးနေပါတယ်။ မြင်တဲ့သူတွေလည်းမြင်ကြမယ် ထင်ပါတယ်။ တခြားလုပ်နေတာတွေ ပုံတွေ Post တွေကို ပုံမှန် Social Media မှာမတင်ဖြစ်တာက်ိုတော့ နားလည်မယ်ထင်ပါတယ်။ ဂရုစိုက်ကြပါ အကောင်းဆုံးတွေကိုရဖို့ အဆိုးဆုံးတွေကို အရင်ဆုံးကျော်ဖြတ်ကြတာပေါ့ " ဆိုတဲ့ စာသားနဲ့ ပုံတွေကို ဝေမျှလာခဲ့ပါတယ်။ နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ တက်တက်ကြွကြွပါဝင်နေရင်း ပြည်သူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတဲ့ J Fireရဲ့ စာသားတွေနဲ့ ပုံတွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ 

Photo credit - J Fire's Facebook Page
Photo credit - J Fire's Facebook Page
Photo credit - J Fire's Facebook Page
Photo credit - J Fire's Facebook Page

သတင်း အရင်းအမြစ်Source & Photo credit - J Fire's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T