မြို့တော်ဝန်အဖြစ် ရှားရှားပါးပါးသတ်မှတ်ခြင်းခံရတဲ့ကြောင်လေး စတပ်ဟာ သေဆုံးသွားပြီ ဖြစ်တယ်လို့ ကြောင်ပိုင်ရှင်ဖြစ်သူက ထုတ်ပြန်လိုက်ကြောင်း Sputnik International မှာဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အလက်ဆကာပြည်နယ် တာကီနာမြို့တော်ဝန်အဖြစ်ခန့်အပ်ခြင်းခံရတဲ့ အသက်(၂၀)အရွယ် ကြောင်လေးစတပ်ဟာ ပြီးခဲ့တဲ့စနေနေ့က ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လူဦးရေ(၉၀၀)ခန့်ရှိတဲ့ တာကီနာမြို့မှာ (၁၉၉၈)ခုနှစ်က မြို့တော်ဝန်အဖြစ် အဝါရောင် ကြောင်လေး စတပ်ကို ရွေးကောက်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ကြောင်လေးစတပ်သေဆုံးသွားခဲ့ပေမဲ့ စတပ်ရဲ့ပိုင်ရှင်ဖြစ်သူက မွေးထားတဲ့ နောက်ထပ်ကြောင်တစ်ကောင် ဒယ်နာလီက မြို့တော်ဝန်အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်သွားမှာ ဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

Aung

သတင်းအရင်းမြစ် Sputnik International

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။