ကလေးတွေအတွက် မုန့်နဲ့ ပြည်သူအချို့အတွက် အလှူငွေကို သူမရဲ့ ချွေးနည်းစာထဲကနေ တတ်နိုင်သလောက် လှူဒါန်းခဲ့တဲ့ မမဆောင်း

//s9.kh1.co/d6/d69c6cde397be66d209576f999af03ad3f4736b7.jpg
အနုပညာရှင်များ

 ၂၆-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီး ဆောင်းအိန္ဒြေထွန်း(မမဆောင်း) ကတော့ အနုပညာနယ်ပယ်မှာ ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်အောင်မြင်နေတဲ့ သူတစ်​ယောက်ပါ။

ပွင့်လင်းဖော်ရွေတဲ့ အပြောအဆိုနဲ့ အလှူအတန်းရက်ရောတဲ့ သူမက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ချွေးနည်းစာထဲကနေ လိုအပ်နေတဲ့ ပြည်သူတွေထံ အလှူပြုလေ့ရှိတာကို တွေ့ရပါတယ်။ 

Photo Credit - မမ ဆောင်း's Facebook Page

မနေ့က မတ်လ ၂၅ရက်နေ့မှာတော့ မမဆောင်းက မြောက်ဥက္ကလာမြို့နယ်က သူမရဲ့ အကိုထံသွားရောက်ခဲ့တာဖြစ်ပြီး အနီးအနားတစ်ဝိုက်က စားရေးသောက်ရေး ခက်ခဲနေတဲ့ ကလေးတွေအတွက် မုန့်နဲ့ ပြည်သူအချို့ကို ငွေကြေးလှူဒါန်းခဲ့တာပါ။ အလှူအတန်းဆို လက်မနှေးတတ်တဲ့ မမဆောင်းရဲ့ အလှူပုံရိပ်တွေက ကြည့်မိသူတိုင်းကို ကြည်နူးပီတိဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။ 

Photo Credit - မမ ဆောင်း's Facebook Page
Photo Credit - မမ ဆောင်း's Facebook Page
Photo Credit - မမ ဆောင်း's Facebook Page
Photo Credit - မမ ဆောင်း's Facebook Page
Photo Credit - မမ ဆောင်း's Facebook Page
Photo Credit - မမ ဆောင်း's Facebook Page

မမဆောင်းက သူမရဲ့ Facebook Account ထက်မှာ အလှူပြုခဲ့တဲ့ ကြည်နူးစရာပုံရိပ်တွေအပြင် "မနေ့ က မမဆောင်း အလှူ ကိုယ်နဲ့ ဆိုဒ်တူဂိုက်တူ ကလေးတွေကို မုန့်လှူ မြောက်ဥက္ကလာ ၃ ရပ်ကွက်မှာ အစ်ကို မျက်စိခွဲထားလို့ သွားကန်တော့ရင်း သွားလှူ လူကြီးတွေကိုတော့ စာအိတ် နဲ့ ကိုယ်တတ်နိုင်သလောက်အလှူငွေလှူခဲ့ပါတယ်ရှင့် နောက်ပိုင်း များများလှူပေးမယ်နော် " ဆိုတဲ့ စာသားကိုလည်း ရေးသားဝေမျှခဲ့ပါသေးတယ်။ အခုလို အခြေအနေမျိုးမှာ တတ်နိုင်သလောက် လှူဒါန်းနေတဲ့ မမဆောင်းရဲ့ ပုံရိပ်တွေကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

သတင်း အရင်းအမြစ်Source & Photo Credit - မမ ဆောင်း's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T