အရေးတော်ပုံ အောင်ပြီးနောက် သူမ ပြုလုပ်မည့် အစီအစဉ်တွေ ပြောပြရင်း မသိ နားမလည်ခဲ့တာတွေကို တောင်းပန်လိုက်တဲ့ ပိုင်ဖြိုးသု

//s9.kh1.co/73/7361d5428191bfc774b508814b688486bc245ac2.jpeg
အနုပညာရှင်များ

 ၂၆-မတ်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ပိုင်ဖြိုးသုကတော့  ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့်  ပရိသတ်တွေက သဘာဝမင်းသမီးလို့တောင် သတ်မှတ်ထားကြတာပါ။ လူတိုင်းအပေါ်မှာလည်း  အမြဲကူညီတတ်တဲ့ စိတ်ထားလေးကြောင့်  အားလုံးကချစ်ခင်နေကြတာလည်း  ဖြစ်ပါတယ်။  လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း  ကျရာအခန်းကဏ္ဍကနေ  ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။  

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 

လက်ရှိမှာ  အခြေအနေအရပ်ရပ်ကြောင့်  တိမ်းရှောင်နေရပေမယ့်လည်း  တတ်နိုင်တဲ့ဘက်ကနေ  လူထုလှုပ်ရှားမှုအတွက်  ပါဝင်ဆောင်ရွက်ပေးနေဆဲပဲ  ဖြစ်ပါတယ်။  လူမှုကွန်ယက်စာမျက်နှာများကနေလည်း   ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  ကျောင်းသား၊ကျောင်းသူများကို  အမြန်ဆုံး ပြန်လွှတ်ပေးရန်  speak out လုပ်ပေးနေတာပဲ  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူမရဲ့ Facebook အကောင့်တွင် အရေးတော်ပုံ အောင်သွားတဲ့အခါ အလုပ်တွေကြိုးစားပြီး တိုင်းရင်းသားတွေနေထိုင်ရာဒေသတွေဆီသွားကာ လိုအပ်တာတွေလှူဒါန်းသွားမယ့်အကြောင်း ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 

" အရေးတော်ပုံအောင်မြင်ပြီးသွားရင်....

အလုပ်ကြိုးစားပြီး ပိုက်ဆံစုမယ်...(ပိုက်ဆံကတော့အရင်စုရဦးမယ် ကိုဗစ်နဲ့မအလပေါင်းပြီးနှိပ်စက်တာသနားစရာဘဏ်စာရင်းလေးဖြစ်နေပြီ)

ပြီးရင် ကျေးဇူးရှင်တိုင်းရင်းသားဒေသတွေဆီကို သွားမယ်....

သူတို့ဒေသမှာလိုအပ်နေတဲ့နေရာတွေကိုလိုက်လှူမယ်....

အရင်တုန်းကမသိနားမလည်ခဲ့မိတာတွေအတွက်တောင်းပန်မယ်....

#အရေးတော်ပုံအောင်ရမည် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Paing Phyoe Thu’s Facebook Account 

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T