စစ်ဘေးရှောင် တိုင်းရင်းသားပြည်သူတွေအတွက် စားသောက်ကုန်နဲ့ဆေးဝါးတွေလှူဒါန်းလိုက်တဲ့ မေဦး

//s9.kh1.co/23/23727d2210668bd4335e495207206b13d976eaae.jpg
အနုပညာရှင်များ

 ၂၆-မတ်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေရဲ့လက်စွဲတော် မိတ်ကပ်ပညာရှင်အဖြစ် အခိုင်အမာရပ်တည်လာတဲ့ မေဦးကတော့ မိတ်ကပ်ပညာလောကမှာ ထိပ်တန်းကနေအောင်မြင်နေပြီး ပရိသတ်တွေရဲ့အချစ်တွေကိုလည်း သိမ်းပိုက်ရရှိထားသူပါပဲ..။

မေဦးကတော့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ အစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေပြီး ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေကာ တော်လှန်ရေးတိုက်ပွဲကြီးမှာ တစ်တပ်တစ်အားပါဝင်နေသူလည်း ဖြစ်ပါတယ်.။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

လူထုလှုပ်ရှားမှုတွေအပြင် အလှူအတန်းတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတဲ့ မေဦးကတော့ ဒီကနေ့မှာလည်း စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူတွေအတွက် စားသောက်ကုန်နဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့ပါတယ်..။

ကချင်ပြည်နယ်မှာရှိတဲ့စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူတွေဖြစ်တဲ့ ဝိုင်းမော်မြို့မ IDP၊ ဝိုင်းမော် Camp 2၊ ဝိုင်းမော် UBC IDP စခန်းများရှိ စုစုပေါင်း ၂၂၃ အိမ်ထောင်စုအတွက် ဆန်အိတ်(၅၀)နဲ့ ဆေးဝါးတွေကို မေဦးနဲ့သူငယ်ချင်းတွေက လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

"ကျွန်တော်တို့ ချစ်ရသောတိုင်းရင်းသားများအတွက် ပြည်သူများမှနှင့်အတူ ကူညီပေးသောမေတ္တာနဲ့ချစ်ခြင်းများ ??❤️ တိုင်းရင်းသားများ ဘေးအန္တာရယ်ကင်းပြီးအေးချမ်းကြပါစေ ??????.."ဆိုပြီး အလှူလေးကိုလည်း ဝေမျှထားပါသေးတယ်..။

စစ်ဘေးရှောင်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ တိုင်းရင်းသားပြည်သူတွေအတွက် စာနာထောက်ထားပြီး လှူဒါန်းခဲ့တဲ့ မေဦးတို့ရဲ့ အလှူကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

သတင်း အရင်းအမြစ်May Oo's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T