ပြောင်းဖူးပြုတ်ဆက်မရောင်းတော့ဘဲ လူထုလှုပ်ရှားမှုနောက်ကို စက်ဘီးလေးနဲ့တောက်လျှောက်လိုက်လာပြီးပါဝင်အားဖြည့်လိုက်တဲ့ ကလေးတစ်ဦးရဲ့ဗီဒီယို

//s9.kh1.co/76/7694a122ee6b0a5c32ce7bdd399b45cbe00ca133.jpeg
နေ့စဉ်သတင်းများ

 ၂၇-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ပြောင်းဖူးပြုတ်ဆက်မရောင်းတော့ဘဲ လူထုလှုပ်ရှားမှုနောက်ကို စက်ဘီးလေးနဲ့တောက်လျှောက်လိုက်လာပြီးပါဝင်အားဖြည့်လိုက်တဲ့ ကလေးတစ်ဦးရဲ့ဗီဒီယို

ယခုဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ကလေးလေးတွေကအစ အလိုက်သိစွာနဲ့ နိုင်သလောက်ဝန်ကို မျှထမ်းပေးနေကြတာဖြစ်ပါတယ်။တချို့ဖရဲသီးရောင်းတဲ့ကလေးတွေ၊မုန့်ဖက်ထုတ်ရောင်းတဲ့ကလေးတွေကလည်း လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကို စေတနာအပြည့်နဲ့လိုက်ဝေပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ကလေးတစ်ယောက်က စက်ဘီးပေါ်မှာခြင်းတောင်းလေးတင်ပြီး ပြောင်းဖူးရောင်းနေရင်း ပြည်သူတွေနဲ့အတူ တစ်တပ်တစ်အားပါဝင်လိုက်သေးတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

မန္တလေးမှာပြုလုပ်ကြတဲ့ လူထုလှုပ်ရှားမှုတွေကိုဆိုရင် တချို့ပြည်သူတွေက ဆိုင်ကယ်တွေနဲ့သွားလာကြတာဖြစ်ပါတယ်။စက်ဘီးလေးနဲ့ပြောင်းဖူးပြုတ်ရောင်းတဲ့ကလေးကတော့ သူ့ရဲ့ပြောင်းဖူးတွေကို ဆက်မရောင်းတော့ဘဲဆိုင်ကယ်တွေသွားတဲ့နောက်ကနေ တောက်လျှောက်လိုက်လာတာဖြစ်ပါတယ်။Gen Alpha လေးရဲ့ ရဲစွမ်းသတ္တိကိုဘေးကလူတွေကလည်း လေးစားလွန်းလို့ ချီးကျူးမဆုံးဖြစ်နေကြတာ ဖြစ်ပါတယ်။ကလေးလေးရောင်းတဲ့ပြောင်းဖူးပြုတ်တွေကိုလည်း ပြည်သူတချို့က ဝယ်ယူအားပေးလိုက်ကြသေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူထုလှုပ်ရှားမှုပြီးလို့ ပြန်ခါနီးအချိန်မှာ ကလေးလေးက သူ့ရဲ့ပြောင်းဖူးပြုတ်တွေကို အလကားတွေလိုက်ဝေပေးနေတာကြောင့် ပြည်သူတချို့ဆိုရင် မျက်ရည်တောင်ကျမိတဲ့အထိ ပီတိဖြစ်သွားရတာဖြစ်ပါတယ်။ပြောင်းဖူးပြုတ်ရောင်းတဲ့ကလေးလေးက ကျောင်းတက်နေတဲ့အရွယ်လည်းဖြစ်လို့ ပြည်သူတစ်ယောက်ဆိုရင် ကလေးလေးကိုကျောင်းထားပေးဖို့အတွက် လိုက်ရှာနေတာဖြစ်ပါတယ်။အသက်သာငယ်ပေမယ့် စိတ်ထားလေးပြည့်ဝပြီး အများအကျိုးကိုသယ်ပိုးဆောင်ရွက်တတ်တဲ့ ပြောင်းဖူးသည်ကလေးရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T