လမ်းပေါ်က ကလေးတွေဗိုက်ဆာနေကြပြီဆိုပြီး အိမ်ကိုသုံးဘီးနဲ့ပြန်ကာ ထမင်းနဲ့ဟင်းအိုးတွေယူလာပြီးကျွေးလိုက်တဲ့ စေတနာရှင်ပြည်သူတစ်ဦး

//s9.kh1.co/f3/f3b9d7195bc1f4010c380eaaa09da756a1d7f77e.jpeg
နေ့စဉ်သတင်းများ

 ၂၇-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

လမ်းပေါ်က ကလေးတွေဗိုက်ဆာနေကြပြီဆိုပြီး အိမ်ကိုသုံးဘီးနဲ့ပြန်ကာ ထမင်းနဲ့ဟင်းအိုးတွေယူလာပြီးကျွေးလိုက်တဲ့ စေတနာရှင်ပြည်သူတစ်ဦး

ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ဒီနေ့မှာဆိုရင်တော့ လူထုလှုပ်ရှားမှုတွေမှာ လူထောင်ပေါင်းများစွာပါဝင်ကြပြီး မြို့နယ်တိုင်းနီးပါးမှာတက်တက်ကြွကြွနဲ့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။လူငယ်တွေကလည်း မိမိတို့ရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက် အကာအကွယ်ပစ္စည်းတွေကို ယူဆောင်လာပြီး လမ်းပေါ်ထွက်နေကြတာ ဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင် ပြည်သူတွေက ရက်ပေါင်း(၅၀)ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ဘယ်သူမှအားမလျော့ကြဘဲ နည်းလမ်းအမျိုးမျိုးနဲ့ လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

လူငယ်တွေကတော့ နေ့စဉ်ရက်ဆက်လမ်းပေါ်ထွက်နေကြပေမယ့် မမောမပန်းကြဘဲ အားအင်အပြည့်နဲ့ ရင်ဆိုင်နေကြလို့ အရမ်းလေးစားဖို့ကောင်းတဲ့ Gen Zတွေ ဖြစ်ပါတယ်။လမ်းပေါ်မှာ လှုပ်ရှားနေကြတဲ့ လူငယ်တွေအတွက်လည်း စေတနာရှင်ပြည်သူတစ်စုက စားစရာတွေကို အမြဲလှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်းစေတနာရှင်ပြည်သူတစ်ဦးက ကလေးတွေဗိုက်ဆာနေကြပြီဆိုပြီး အိမ်ကိုသုံးဘီးနဲ့ပြန်ကာ ထမင်းနဲ့ဟင်းအိုးတွေကိုယူလာပေးတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

လူငယ်တွေကလည်း လမ်းဘေးမှာပဲ ထမင်းနဲ့ဟင်းတွေကို အားရပါးရစားနေကြတာဖြစ်လို့ လှူရတဲ့စေတနာရှင်အနေနဲ့လည်း ပီတိဖြစ်စရာကောင်းပါတယ်။အခုလိုမျိုး ကိုယ်ချင်းစာစိတ်အပြည့်ရှိပြီး ရက်ရက်ရောရောလှူဒါန်းတတ်တဲ့ပြည်သူတွေကြောင့် လမ်းပေါ်မှာရင်ဆိုင်နေကြတဲ့လူငယ်တွေလည်း အဆင်ပြေပြေနဲ့ ရှေ့သို့ချီတက်နေနိုင်ကြတာပဲဖြစ်ပါတယ်။မိမိမှာရှိတာလေးကို စေတနာအပြည့်နဲ့ ကျွေးမွေးနေတဲ့ ပြည်သူတစ်ဦးရဲ့အလှူကို သာဓုခေါ်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T