ချစ်ခင်ရတဲ့ ညီလေးတစ်ယောက် လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကျဆုံးသွားတဲ့အတွက် စိတ်ထိခိုက်ဝမ်းနည်းနေတဲ့ G Fatt

//s9.kh1.co/6d/6dbe590b55f3b62bdb3c733d6a13e2af379269a6.jpeg
အနုပညာရှင်များ

 ၂၇-မတ်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် G Fatt ကတော့  လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတစ်ဦးအနေနဲ့  တက်ကြွစွာ  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။  နေ့စဉ်ရက်ဆက်  မမောနိုင်  မပန်းနိုင်အောင်  လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေရုံတင်မကဘဲ အရေးကြီးတဲ့ အချိန်တွေမှာလည်း Defense Team မှ လူငယ်တွေနဲ့အတူ ရှေ့ဆုံးကနေထွက်ကာ  ကာကွယ်နေတာလည်း  ဖြစ်ပါတယ်။ 

Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 

မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  G Fatt ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စိတ်မကောင်းစရာသတင်းတစ်ခုရေးသား ဝေမျှပေးထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  ဒီကနေ့မှာဘဲ ချစ်ခင်ရတဲ့ ညီလေးတစ်ယောက်ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထိခိုက်ဝမ်းနည်းနေပြီး သူနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကို  ရေးသားထားတာပဲ  ဖြစ်ပါတယ်။ "

သွားနှင့်​တော့ ညီ​လေး​ ဖီဖီ​ရေ .  ၁၆ /၃ အတွက်ငါဂုဏ်ယူတယ်ညီ​လေး  ။ အထက ၂ သပိတ်​ကြောင်းတူတူထွက်ဖူးတဲ့ညီ​လေး ... 

Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 

မင်းအစ်ကို ခင်ရှင်းလေး​တော့ ​ပေါက်ကွဲ​နေ​ရော့မယ်ကွာ  ..ခင်ရှင်းလေး​ရေ ကိုကြီးတို့ မင်းညီအတွက်အဆုံးထိတိုက်မှာပါကွာ မင်းဘယ်​လောက်နာကျင်​နေမလဲ ငါခံစားမိပါတယ် စ​တွေ့တည်းက  တက်ကြွပြီး ရိုးသားတဲ့ညီငယ်​တွေနဲ့ အတူတူ ရုန်းခွင့်ရတာ ငါဂုဏ်ယူပါတယ်    ဒီ​​နေ့​တော့ ငါ ငိုင်ကျသွား​တော့တာပါပဲကွာ ..   ငါတို့မင်းအတွက်တာဝန်​ကျေ​စေရမယ်ညီ​လေး .. ဒီအ​ရေး​​တော်ပုံမှာ မင်းရိုက်​ပေးတဲ့ဓါတ်ပုံ​တွေငါတင်ဖူး​ပေါ့ကွာ ..ထ၂ သပိတ်​​ကြောင်းမှာ မင်း​ရှေ့က ​ပြေးလိုက်ပုံရိုက်လိုက် ငါမျက်လုံးထဲကမထွက်ဖူးကွာ .. မင်းက ၁၆ရပ်ကွက်ရဲ့ တစ်နိုင်ငံလုံးရဲ့  သူရဲ​ကောင်းပါညီ​လေး ငါဦးညွှတ်ပါတယ် ။ ကျန်တဲ့ညီ​တွေလဲ ​နောက်​နေ့​တွေဂရုစိုက်ပါကွာ ငါတို့ထပ်မ​ပေးပါ​ရ​စေနဲ့​တော့  ငါလည်း ဘာ​ပြောရမှန်းကိုမသိ​တော့ပါဘူးကွ ငါရပ်ကွက်ထဲအတူမရှိ​ပေးနိုင်ခဲ့တာ ​တောင်းပန်ပါတယ်ကွာ ။ ငါတတ်နိုင်တာ အကုန်ဝင်ကူပါ့မယ် ကွာ ။ 

#အာဏာရှင်စနစ်ကျဆုံးပါ​စေ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-G Fatt’s Facebook Account 

Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T