ကျည်ထိသွားတဲ့သားလေးရဲ့ခန္ဓာကိုယ်ကို ကျစ်ကျစ်ပါအောင်ဖက်ထားပြီး ရူးမတတ်ခံစားရကာ အော်ဟစ်ငိုယိုနေတဲ့ ဖခင်တစ်ဦးရဲ့ဗီဒီယို

//s9.kh1.co/bd/bdf90f0a4eef8b42487be13b387c738e8b8c5dd8.jpeg
နေ့စဉ်သတင်းများ

 ၂၈-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျည်ထိသွားတဲ့သားလေးရဲ့ခန္ဓာကိုယ်ကို ကျစ်ကျစ်ပါအောင်ဖက်ထားပြီး ရူးမတတ်ခံစားရကာ အော်ဟစ်ငိုယိုနေတဲ့ ဖခင်တစ်ဦးရဲ့ဗီဒီယို

ယခုဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် လူမှန်းသိတတ်စအရွယ် ကလေးငယ်လေးတွေကပါ အသက်ပေးနေရတာဖြစ်ပါတယ်။မိဘတွေအနေနဲ့လည်း မိမိတို့ရဲ့အဖိုးတန်သားသမီးလေးတွေကို ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတက်ဖြစ်နေကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း ရွှေဘိုမြို့က (၁၃)နှစ်အရွယ်သာရှိသေးတဲ့ ယောက်ျားလေးတစ်ယောက်ကတော့ ဘာမှန်းမသိလိုက်ခင်အချိန်မှာပဲ ကျည်ဆံထိမှန်သွားပြီး အသက်ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။ဖခင်ဖြစ်သူကလည်း သားလေးရဲ့ခန္ဓာကိုယ်ကို ကျစ်ကျစ်ပါအောင်ဖက်ရင်း ငိုနေရှာတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ယောက်ျားရင့်မာကြီးတစ်ယောက်ဖြစ်ပေမယ့်လည်း အရမ်းချစ်ရတဲ့သားလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်“ကျွန်တော့်သား သေသွားတာ”ဆိုပြီး အော်ဟစ်ငိုယိုနေတာ ဖြစ်ပါတယ်။သားလေးကို မကြာခင်မှာရှင်ပြုပေးဖို့အတွက်စီစဉ်ထားတာဖြစ်ပေမယ့်လည်း မိဘတွေရဲ့အပျော်ဆုံးနေ့ဖြစ်တဲ့ သားရှင်ပြုနေ့ကိုတောင် မရောက်နိုင်တော့တာဖြစ်ပါတယ်။ သားလေးရဲ့အပြုံးတွေ၊ကစားနေတဲ့ပုံလေးတွေကို နောက်ထပ်မြင်တွေ့ခွင့်မရနိုင်တော့တဲ့ ဖခင်ကတော့ ရူးမတတ်ခံစားနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မျှော်လင့်ချက်အလင်းရောင်လေးပျောက်ကွယ်သွားလို့ ယူကြုံးမရဖြစ်နေတဲ့ ဖခင်ဖြစ်သူရဲ့ခံစားချက်ကို ပြည်သူတွေကလည်း နားလည်ပြီး ထပ်တူထပ်မျှခံစားနေကြရတာဖြစ်ပါတယ်။ဒီလိုမျိုးအဖြစ်အပျက်တွေကြောင့် လူငယ်တွေရဲ့အနာဂတ်၊မိဘတွေရဲ့မျှော်လင့်ချက်တွေကို ဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။သားလေးကို သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာပွေ့ဖက်ပြီး ဖြေသိမ့်လို့မရနိုင်အောင် ရှိုက်ကြီးတငင်ငိုနေရှာတဲ့ ဖခင်ဖြစ်သူရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး နာကျင်ခံစားရလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T