မိခင်ဖြစ်သူနဲ့ရှင်ကွဲခွဲရပြီး ဖခင်ကပါကျဆုံးသွားခဲ့တာကြောင့် မိဘမဲ့ဖြစ်သွားရရှာပြီဖြစ်တဲ့ ကလေးငယ်လေး

//s9.kh1.co/cb/cbd7454672253a3697b9985b1397a73729c7dad1.jpeg
နေ့စဉ်သတင်းများ

 ၂၈-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မိခင်ဖြစ်သူနဲ့ရှင်ကွဲခွဲရပြီး ဖခင်ကပါကျဆုံးသွားခဲ့တာကြောင့် မိဘမဲ့ဖြစ်သွားရရှာပြီဖြစ်တဲ့ ကလေးငယ်လေး

ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှာ  မြို့တိုင်းနီးပါးပြုလုပ်ကြတဲ့ လူထုလှုပ်ရှားမှုတွေမှာဆိုရင် မနေ့ကတစ်ရက်တည်းကိုလူပေါင်း(၉၀)ကျော် ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ပြည်သူတွေကလည်း ကျဆုံးသွားရတဲ့သူရဲကောင်းတွေကို နှမျောတသဖြစ်နေပြီး ဝမ်းနည်းကြေကွဲနေကြတဲ့ကျန်ရစ်သူမိသားစုရဲ့ခံစားချက်ကိုလည်း ကိုယ်ချင်းစာနေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေကြောင့် မိသားစုတွေ သေကွဲခွဲရပြီး ဘာနဲ့မှပြန်အစားထိုးလို့မရတဲ့ မိမိတို့ရဲ့သွေးသားရင်းခြာတွေကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

မနေ့ကဆိုရင် မြို့နယ်တိုင်းနီးပါးက သူရဲကောင်းတွေ အသက်ပေးသွားခဲ့ရတာကြောင့် ကျိုက်ထိုမြို့နယ်၊ကျိုက်ပိရွာကပြည်သူတစ်ဦးလည်း လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ဦးခေါင်းကို ကျည်ထိသွားခဲ့တာဖြစ်ပါတယ်။ကျဆုံးသွားတဲ့ သူရဲကောင်းမှာ သမီးလေးတစ်ယောက်လည်းရှိတာဖြစ်လို့ ကလေးလေးကတော့ မိဘမဲ့ဖြစ်သွားရရှာပြီဖြစ်ပါတယ်။ကလေးငယ်လေးက မိခင်နဲ့လည်း ရှင်ကွဲခွဲနေရတာဖြစ်ပြီး အခုလို ဖခင်ဖြစ်သူကပါ ကျဆုံးသွားခဲ့တာကြောင့် အုပ်ထိန်းသူ အဘွားနဲ့သာအတူကျန်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သိတတ်စအရွယ်မရောက်သေးခင်မှာပဲ မိခင်ရော၊ဖခင်ကိုပါ ဆုံးရှုံးလိုက်ရတဲ့သမီးငယ်လေးကို ပြည်သူတွေကသနားနေကြတာဖြစ်ပါတယ်။သမီးလေးကလည်း အသားဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်မွေးအပြည့်ပါတဲ့ကလေးငယ်လေး ဖြစ်ပါတယ်။တချို့ပြည်သူတွေကတော့ ကလေးလေးကို”တစ်သက်လုံးစိတ်ချမ်းသာအောင်ထားပေးပါမယ်”ဆိုပြီး မွေးစားဖို့အတွက် စုံစမ်းနေကြတာဖြစ်ပါတယ်။အခုလိုမျိုး မိဘမေတ္တာငတ်မွတ်သွားရရှာတဲ့ ကလေးလေးကို ပြည်သူတွေကလည်း သနားစိတ်ပိုနေကြတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T