အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေ သီဆိုကာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့ အဆိုတော် ထူးအယ်လင်းပဲ ဖြစ်ပါတယ်။ သူကတော့ ပြည်သူတွေရဲ့ လိုအပ်တဲ့အရာတွေကို မြန်မာနိုင်ငံအနှံ့သွားရောက်ကာ လှူဒါန်းနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကုသိုလ်ရေးတိုင်း လက်မနှေးသူဖြစ်တာကြောင့်လည်း ပရိသတ်တွေက အတုယူလေးစားနေကြရတာပါ။
မနေ့ကတော့ ထူးအယ်လင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝမ်းနည်းစရာသတင်းတစ်ခု ဝေမျှလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်ထဲမှာ နေနေရင်းနဲ့ ဝမ်းဗိုက်သို့ ကျည်ဆံထိမှန်သွားတာကြောင့် ဆေးကုသမှုခံယူခဲ့ပေမယ့်လည်း ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့တာကို ရေးသားထားတာပါ။ ချစ်ခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ ဂီတလောကမှ ညီအစ်ကိုမောင်နှမများကလည်း ထူးအယ်လင်းရဲ့အစ်မ ကွယ်လွန်သွားတဲ့အတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရကြောင်း Comment များ ရေးသားထားကြတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာလည်း ကျည်ထိပြီး ကွယ်လွန်သွားခဲ့တဲ့ အစ်မဖြစ်သူအားရည်စူးပြီး သက်ပျောက်ဆွမ်းသွပ်ကာ အမျှပေးဝေ ခဲ့တာပဲ ဖြစ်ပါတယ်။ သူကလည်း " ၂၇.၃.၂၀၂၁ စနေနေ့ နေ့လည် ကျည်ထိပြီး ညနေမှာကွယ်လွန်သွားတဲ့ တနင်္ဂနွေသမီး အမ မဥမ္မာရှိန် အသက် ၅၀ နှစ်အားရည်စူး၍ သက်ပျောက်ဆွမ်းနှင့်သင်္ကန်း ဝတ္ထူကပ် အလှူကို ယနေ့ ၂၈.၃.၂၀၂၁ တနင်္ဂနွေနေ့မနက် ၁၀:၁၅ မှာ သံဃာ ငါးပါး အား ကပ်လှူဖြစ်တယ်။
ရက်လည်အတွက်ကိုလည်း ထပ်မံ ကုသိုလ်ပြုပါမယ်။
ငါ့အစ်မ အသက်ခန္ဓာရှိစဉ်က တစ်နိုင်ပြုခဲ့တဲ့ ကုသိုလ်အစုစု၊ သက်ရှိထင်ရှားမိခင်မေမေ ပြုခဲ့တဲ့ကောင်းမှုအစုစု ၊ငါ ပြုခဲ့တဲ့ ကောင်းမှုကုသိုလ် အစုစုတို့ကို ရောက်ရာဘုံဘဝမှနေ၍ ကြားသိသာဓုခေါ်ဆို ကုသိုလ်အမျှရပါစေဗျာ???
အမျှ အမျှ အမျှရပါစေ ?
သာဓု သာဓု သာဓု???" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်စေရန် ဗီဒီယိုဖိုင်ကိုပါ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Htoo El Lynn’s Facebook Account