ပြည်သူတွေကိုဦးဆောင်ရင်းနဲ့ အမြဲတမ်းတက်တက်ကြွကြွပါဝင်ခဲ့ပြီး နောက်ဆုံးအချိန်အထိတာဝန်ကျေခဲ့တဲ့ လားရှိုးမြို့က ရှေ့နေကျောင်းသားလေး

//s9.kh1.co/8f/8fb4b7b84f1ecaf2da958a00d6abfbbe335372be.jpg
နေ့စဉ်သတင်းများ

 ၂၈-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေကိုဦးဆောင်ရင်းနဲ့ အမြဲတမ်းတက်တက်ကြွကြွပါဝင်ခဲ့ပြီး နောက်ဆုံးအချိန်အထိတာဝန်ကျေခဲ့တဲ့ လားရှိုးမြို့က ရှေ့နေကျောင်းသားလေး

လူထုလှုပ်ရှားမှုတွေ စတင်ခဲ့တဲ့အချိန်ကစတင်ပြီး ယနေ့အချိန်အထိတိုင်အောင် အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေထဲမှာ အနာဂတ်ရဲ့ကြယ်ပွင့်တွေလည်း ပါရှိခဲ့တာ ဖြစ်ပါတယ် ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ကျောင်းသားစတဲဲ့ ပညာတတ်လူငယ်လေးတွေက ကိုယ့်နိုင်ငံအကျိုးအတွက် ပြည်သူတွေနဲ့အတူ အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း လားရှိုးမြို့မှာ နောက်ဆုံးနှစ် ဥပဒေကျောင်းသားတစ်ဦး ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူ့ရဲ့နာမည်ကတော့ မိုင်းမင်းနောင်ဖြစ်ပြီး အသက် (၂၂) နှစ်သာရှိသေးတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဓာတ်ပြင်းပြတဲ့ မိုင်းမင်းနောင်က လားရှိုးမြို့မှာ လူထုလှုပ်ရှားမှုတွေ စတင်ပြုလုပ်ခဲ့တဲ့အချိ‌န်ကစတင်ပြီး ထိပ်ဆုံးကနေ တက်တက်ကြွကြွ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ် ။ လားရှိုးမြို့မှာ ဆန္ဒထုတ်ဖော်ပွဲတွေရှိရင် မိုင်းမင်းနောင်က Soundbox ကြီးတစ်လုံး အမြဲယူလာလေ့ရှိပြီး ရှေ့ဆုံးကနေ ဦးဆောင်ဟောပြောတတ်တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

နေ့တိုင်းလိုလို မြို့ပတ်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေ တွေ့တာနဲ့ တစ်တပ်တစ်အား ပါဝင်အားဖြည့်ပေးတတ်တဲ့ မိုင်းမင်းနောင်က ပြီးခဲ့တဲ့မတ်လ (၂၇) ရက်နေ့မှာ ကြွေလွင့်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ ကျည်ထိမှန်ပြီး ကျဆုံးသွားတဲ့ မိုင်းမင်းနောင်ကို ပြည်သူတွေက သူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုရင်း စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ လူငယ်တွေရဲ့အနာဂတ်အတွက် ရှေ့ဆုံးကနေ ရဲရဲရင့်ရင့် ပါဝင်လှုပ်ရှားခဲ့တဲ့ လားရှိုးမြို့က သူရဲကောင်းရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ မိုင်းမင်းနောင်လည်း ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T