ဝမ်းတွင်းမြို့မှာ ကျဆုံးသွားတဲ့ ဆရာဝန်တစ်ဦးရဲ့ပုံရိပ်တွေကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပြည်သူများ

//s9.kh1.co/80/808e6ebf27c5854bc267ba4563874d2eec7bc9b9.jpg
နေ့စဉ်သတင်းများ

 ၂၈-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဝမ်းတွင်းမြို့မှာ ကျဆုံးသွားတဲ့ ဆရာဝန်တစ်ဦးရဲ့ပုံရိပ်တွေကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပြည်သူများ

ပြီးခဲ့တဲ့မတ်လ (၂၇) ရက်နေ့မှာတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ပြည်သူတွေတော်တော်များများက အန္တရာယ်တွေကြားကနေ လမ်းပေါ်ကိုရအောင် ထွက်လာပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။ ခွန်အားရှိသမျှ ကြိုးစားနေကြတဲ့ ပြည်သူတွေက လူစုခွဲဖြိုခွင်းမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ် ။ ဒါကြောင့် မနေ့ကဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ အသက်ဆုံးရှုံးသွားရတဲ့ ပြည်သူတွေ အများအပြားရှိခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေထဲမှာ နိုင်ငံအတွက် တကယ့်ကိုတန်ဖိုးရှိတဲ့ ပညာတတ်လူငယ်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ ဝမ်းတွင်းမြို့မှာ ကျဆုံးသွားခဲ့ရတဲ့ ကိုဖြိုးသက်ဝေကလည်း မန္တလေးဆေးတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့တဲ့ ဆရာဝန်တစ်ဦး ဖြစ်ပါတယ် ။ လူနာတွေရဲ့အသက်တွေကို ကယ်တင်ပေးနေတဲ့ ဆရာဝန်တစ်ဦးကို ဆုံးရှုံးလိုက်ရပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့လည်း တကယ့်ကို ဝမ်းနည်းကြွေကွဲနေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့အပြင် ကျည်ထိမှန်သွားတဲ့ ဒေါက်တာ ဖြိုးသက်ဝေကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြတဲ့ ပြည်သူတွေရဲ့ပုံရိပ်တစ်ချို့ကလည်း လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ် ။ ဆိုင်ကယ်ပေါ်ကနေ လဲကျသွားတဲ့ ဒေါက်တာဖြိုးသက်ဝေကို အနီးအနားမှာရှိတဲ့ ပြည်သူတွေက ဝိုင်းဝန်းကူညီခဲ့သေးတာ ဖြစ်ပါတယ် ။ အခုဆိုရင် ဒေါက်တာဖြိုးသက်ဝေအတွက် သူ့ရဲ့သူငယ်ချင်းတွေအပါအဝင် အားလုံးက အရမ်းကို စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ ဝမ်းတွင်းမြို့မှာ ကျဆုံးသွားခဲ့တဲ့ ဒေါက်တာဖြိုးသက်ဝေရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T