သရုပ်ဆောင် ထက်အောင်ရှိုင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တစ်တပ်တစ်အားအနေနဲ့ ပါဝင်အားဖြည့်နေတဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ နေ့စဥ်ဆက်တိုက်ဆိုသလို လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်နေသလို သူရဲ့ Facebook Account ထက်မှာလည်း လက်ရှိအခြေအနေကို အများပြည်သူသိအောင် Speak outလုပ်ပေးနေတဲ့ သူပဲ ဖြစ်ပါတယ်။
ဒါ့အပြင် လူထုလှုပ်ရှားမှုကြီးမှာ အသက်ပေးကာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုတွေထံ သွားရောက်လှူဒါန်းလေ့ရှိတာကို တွေ့ရပါတယ်။ ဒီကနေ့ မတ်လ ၂၈ရက်နေ့မှာတော့ ထက်အောင်ရှိုင်းက ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကြောင့် အနေအထိုင် အစားအသောက် ခက်ခဲနေကြတဲ့ ပြည်သူတွေထံ ကိုယ်တိုင်သွားရောက်ပြီး လိုအပ်တာတွေကို လှူဒါန်းနေခဲ့တာဖြစ်ပါတယ်။
စေတနာသဒ္ဓါတရားထက်သန်စွာ အလှူပြုနေတဲ့ ထက်အောင်ရှိုင်းရဲ့ ပုံရိပ်တွေအပြင် " ကျွန်တော့်မှာ လက်နှစ်ဖက်ရှိတယ် တစ်ဖက်က "ပြည်သူ့သတ်မတော်" မတရားအုပ်ချုပ်တဲ့နိုင်ငံတစ်နိုင်ငံရဲ့ သေနတ်သံတွေ ကျည်ဆန်တွေရဲ့ကြားမှာ ဒုက္ခဆင်းရဲတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အောက်ပြုတ်မကျအောင် တစ်ခုခုကိုမြဲမြဲဆုပ်ကိုင်ထားရတဲ့လက်ဆိုရင်ကျန်တဲ့လက်တစ်ဖက်က ပြည်သူအချင်းချင်းကမ်းတဲ့လက်ပဲ ဖြစ်ချင်ပါတယ် ရှိသလောက်အင်အားနဲ့ပေါ့ဗျာ အရေးတော်ပုံ အောင်ရမည် " ဆိုတဲ့ စာသားကိုလည်း ရေးသားမျှဝေထားပါသေးတယ်။ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေဘက်က ရပ်တည်နေသလို လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းနေတဲ့ ထက်အောင်ရှိုင်းရဲ့ စာသားတွေနဲ့ ပုံရိပ်တွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
သတင်း အရင်းအမြစ်៖ Source & Photo credit - Htet Aung Shine's Facebook Account