မန္တလေးကမီးဘေးသင့်ပြည်သူတွေအတွက် အိမ်သုံးပစ္စည်းနဲ့အလှူငွေတွေလှူဒါန်းပြီး အားပေးကူညီခဲ့တဲ့ အေးဝတ်ရည်သောင်း

//s9.kh1.co/a9/a9dd9aa8da8b55c7877173afbd4674f5ce1d0416.jpg
အနုပညာရှင်များ

 ၂၈-မတ်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ပုရိသပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောအေးဝတ်ရည်သောင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်..။

မအေးသောင်းလို့ အများကချစ်စနိုးခေါ်ကြတဲ့ သူမကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ရဲရဲရင့်ရင့်ပါဝင်ပြီး လူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်သလို လှူဒါန်းမှုတွေပြုလုပ်ပြီးတော့လည်း ပြည်သူတွေနဲ့ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc

အေးဝတ်ရည်သောင်းကတော့ မတ်လ(၂၇)ရက်နေ့က မန္တလေးမြို့ ၁၁၆လမ်း ၅၆/၅၇ ကြားမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၇၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရတဲ့ မီးဘေးသင့်ခဲ့တဲ့ပြည်သူတွေအတွက် ဒီကနေ့မှာပဲ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်..။

အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် အလှူရှင်တွေနဲ့အတူ စားသောက်ကုန်တွေအပြင်၊ အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ အလှူငွေတွေလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ အားပေးစကားလေးတွေပြောကာ ဖေးမကူညီခဲ့တာဖြစ်ပါတယ်..။

Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc

"၂၇ ရက်နေ့ မနေ့ညက မန္တလေး ၁၁၆လမ်း ၅၆/၅၇ ကြား မီးလောင်မှု ဖြစ်ပွားသွားရာတွင်အိမ်ခြေ

အိမ်ထောင်စု ၇၀ကျော် ၈၀ နီးပါး

အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ သိရပါတယ်ရှင်

ဒီနေ့ အိမ်ထောင်စုများအတွက် ကျမနှင့် online မှအလှူရှင်များလိုအပ်တဲ့အိုးခွက် ဒယ်အိုး ပန်ကန် ဇွန်း ရေခွက် အစရှိသည်တို့ နှင့်အတူ တစ်အိမ်ထောင်စုလျှင်

အလှူငွေ ၂၀၀၀၀ ကျပ်လှူဒါန်းခဲ့ပါသည်ရှင့်။

ပါဝင်ပေးတဲ့အလှူရှင်များနဲ့မိတ်ဆွေများ

သာဓု သာဓု သာဓုပါရှင်။ ???

အစစအရာရာစီစဉ်ပေးတဲ့ ကိုမျိုးကြီး( ပန်းပျိုးသူ) ပရဟိတအဖွဲ့ကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင့်???

ဒီနေ့နေ့လည် ၁ နာရီမှာလည်း

မီးဘေးသင့်ကိုယ်ဝန်ဆောင်အမျိုးသမီးမှ

မိန်းကလေးတစ်ဦးလည်း ဖွားမြင်ခဲ့ပါတယ်ရှင့်။.." ဆိုပြီး အလှူပုံရိပ်တွေကို မျှဝေထားတာ ဖြစ်ပါတယ်..။

မီးဘေးသင့်ပြည်သူတွေအတွက် လိုအပ်တာတွေလှူဒါန်းရင်း ကိုယ်တိုင်ကိုယ်ကျဖေးမကူညီခဲ့တဲ့ အေးဝတ်ရည်သောင်းရဲ့ စိတ်ထားလေးနဲ့ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက ချီးကျူးကာအားပေးစကားလေးတွေ ပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc

သတင်း အရင်းအမြစ်Aye Thaung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T