သူ့ကိုယုံကြည်ပြီး တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ လိုအပ်တဲ့ အလှူငွေတွေ လှူဒါန်းပေးခဲ့ကြသူများအားကျေးဇူးတင်ကြောင်း ပြောပြလာတဲ့ ရှိုင်း

//s9.kh1.co/4a/4a6ecee65bb4e7bad971c8cb56d96866979c227c.jpeg
အနုပညာရှင်များ

 ၂၈-မတ်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရှိုင်းကတော့  လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်ခဲ့သူ  တစ်ဦးပဲ  ဖြစ်ပါတယ်။   လမ်းပေါ်ထွက်ကာ  ဆန္ဒထုတ်ဖော်နေတဲ့  ပြည်သူတွေကို  ရှေ့ဆုံးကနေ  ကာကွယ်ပေးနေတာကြောင့်လည်း  အားလုံးက  လေးစားနေကြတာပါ။ လူထုလှုပ်ရှားမှုတွင်  ပါဝင်နေရုံတင်မကဘဲ  ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်က  တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်  မီးဘေးသင့်ခံခဲ့ရတဲ့ ပြည်သူတွေအတွက်လည်း  တတ်နိုင်သလောက် လှူဒါန်းမှုတွေ ဆောင်ရွက်နေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
https://s9.kh1.co/__image/w=650,h=867,q=100/43/437d2f908a2e41f9291adbdac57d93048b8afc9d.jpeg

အလှူရှင်များစွာကလည်း  မီးဘေးသင့်ပြည်သူများအတွက်  ရှိုင်းထံမှ တစ်ဆင့်  အလှူငွေတွေ  လှူဒါန်းနေတာက်ိုလည်း  ကြည်နူးစွာ  မြင်တွေ့ကြရမှာပါ။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း ရှိုင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ထပ်မံကောက်ခံရရှိထားတဲ့ အလှူငွေတွေအား တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပဲ  ဖြစ်ပါတယ်။

သူကလည်း " ထပ်မံ လှူဒါန်းပေးအပ်ခဲ့ပါပြီ ခင်ဗျာ . . . ??

တိမ်ညိုစစ်ဘေးရှောင်စခန်းအတွက် ထပ်မံရရှိအလှူငွေ စုစုပေါင်း ၃၃၃၆၅၀၀ ကျပ် ( သုံးဆယ့်သုံးသိန်း သုံးသောင်း ခြောက်ထောင့်ငါးရာကျပ် ) ကို ဒီနေ့ ကိုယ်တိုင် ထပ်မံသွားရောက်လှူဒါန်းပေးအပ်ခဲ့ပါတယ် . . . 

Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 

ကျွန်တော့်ဆီမှာ ယုံယုံကြည်ကြည်နဲ့ လှူဒါန်းပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ထပ်မံ ပြောကြားလိုပါတယ်ခင်ဗျာ . . . 

အဖရခိုင်ပြည်ကြီး အေးချမ်းပါစေ . . . 

အမိမြန်မာနိုင်ငံတော်ကြီး အေးချမ်းပါစေ . . . 

အာဏာရှင်မှန်သမျှ မုချ ကျရှုံးပါစေ . . .

အားလုံး ဘေးအန္တရာယ် ကင်းဝေးကြပါစေ . . .

#Save_Arakan

#Save_Myanmar 

( ps - မကြာမီ ရက်ပိုင်းအတွင်း ရန်ကုန်ကို ပြန်လာပြီး " နွေဦးအလှူခံ " မှ ကျန်ရှိနေသေးသော အလှူငွေများဖြင့်အရေးတော်ပုံအတွင်း လိုအပ်သလို ဆက်လက်လှုပ်ရှားသွားပါမည် . . . ✊??? )" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Shine’s Facebook Page 

Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Photo Crd-Shine’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T